DVB Logo
Home
မြန်မာသတင်း
ဗန်းမောက်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀ ကျော်တွေ့၊ ဆရာဝန်နှင့် သူနာပြု မလုံလောက်
DVB
·
July 22, 2021
ဗန်းမောက်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀ ကျော်တွေ့၊ ဆရာဝန်နှင့် သူနာပြု မလုံလောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ ဇွန်လ ၂၉ ရက်မှ  ဇူလိုင် ၂၁ ရက်နေ့အထိ ရက် ၂၀ ကျော်စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀၀ ကျော်အထိတွေ့ရှိရပြီး၊ ရောဂါစစ်ဆေး ထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို ဆရာဝန်နဲ့ သူနာပြုစုစုပေါင်း ၁၀ ယောက်လောက်နဲ့ သာ ဆောင်ရွက်နေကြရပါတယ်။

မြို့နယ်ဓာတ်ခွဲမှူး ဦးဇေယျာထွန်းက “ ၁၀ ဦးတောင်မပြည့်တဲ့အနေအထားပဲရှိတယ်။ ဆရာဝန်က ၂ ယောက်ပဲရှိတယ်။ သူနာပြုက ၃ ယောက်ရှိတယ်။ ဓာတ်ခွဲမှူးက ကျနော် ၁ ယောက်ပဲရှိပါတယ်။ စေတနာ့ဝန်ထမ်း ၁ ယောက်မှမရှိဘူး။ အမှိုက်သိမ်းလည်း ကျန်းမာရေးဝန်ထမ်းတွေပဲ။ အစစအရာရာ ကျနော်တို့ပဲရှိတာ။”လို့ပြောပါတယ်။ 

ဗန်းမောက်မှာ ကွာရန်တင်းစင်တာမရှိဘဲ Positive စင်တာပဲရှိပြီး ကိုဗစ် အတည်ပြုလူနာဆိုရင် ကုသရေးစင်တာဆီပို့ဆောင်ကုသပေးနေတာပါ။

လူနာတွေအနေနဲ့ အစားအသောက်ကိစ္စကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့ ဆောင်ရွက်ရပြီး  ဆရာဝန်ကြီးတွေက မနက်၊ နေ့လယ် ၊ ညနေ တရက်သုံးကြိမ် ကိုဗစ်လူနာတွေကို ကြည့်ရှုကုသ ပေးတယ်လို့ မြို့နယ်ဓာတ်ခွဲမှူးက ပြောပါတယ်။

ဗန်းမောက်မြို့မှာ ဗန်းမောက်ဆေးရုံသစ် နှစ်ထပ်ဆောင်၊ မြို့အဝင် ဘုန်းကြီးကျောင်းတစ်ကျောင်း နဲ့ ဘောလုံးကွင်းခန်းမ၊ နယ်စပ်ဖွံ့ဖြိုးရေးကျောင်းတို့ကို Positive စင်တာ တွေအဖြစ်ပြုလုပ်ပေးထားပြီး ကိုဗစ်စစ်ဆေးမှုကို မနက် ၁၀ နာရီကနေစပြီး ပြုလုပ်ပေးနေ ပါတယ်။

ဗန်းမောက်မြို့က ကိုဗစ်-၁၉ စစ်ဆေးသူ ၁၄၆၈ ဦးမှာ ၊ ရောဂါပိုးတွေ့သူ ၅၀၄ ဦးရှိပြီး ဆေးရုံကဆင်းခွင့်ရသူ  ၃၀၇ ဦးရှိကာ ကုသဆဲလူနာ ၁၉၆ ဦး၊ သေဆုံးသူ ၁ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013