DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေး ၆ လနီးပါးအကြာ စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၉၂၉ ဦးရှိလာ
DVB
·
July 22, 2021
နွေဦးတော်လှန်ရေး ၆ လနီးပါးအကြာ စစ်တပ်ပစ်ခတ်မှုကြောင့် ကျဆုံးပြည်သူ ၉၂၉ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လနီးပါးအကြာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၂၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၈၆၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၃၂၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင် တိမ်းရှောင်နေတဲ့ မြစ်သားမြို့နယ်၊ ရွှေကြာအင်းကျောင်းတိုက်ကို အကြမ်းဖက်စစ်အုပ်စုက ဇူလိုင် ၂၀ ရက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေဖမ်းဆီးချိန်မှာ ဦးကျော်စိုးနိုင်ကို မတွေ့ခဲ့တဲ့အတွက် သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်စုစုဌေး၊ သားဖြစ်သူ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား ကိုကောင်းမြတ်နိုင်၊ သမီးဖြစ်သူ ရှစ်တန်းကျောင်းသူ မမေထူးနိုင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့နဲ့ အတူနေထိုင်တဲ့ CDM ဘဏ်ဝန်ထမ်း ဒေါ်စန်းစန်းမော်ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ သိရှိရပါတယ်။

တရက်တည်းမှာပဲ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာတော့ ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနက ပထမနှစ် အဝေးသင်ကျောင်းသား ကိုချစ်နိုင်ကို အကြမ်းဖက်စစ်အုပ်စုက အရပ်ဝတ်တွေနဲ့ နောက်ယောင်ခံလိုက်ကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013