DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးတရားစွဲခံထားရသည့် မင်းကင်းစည်ပင်ဥက္ကဋ္ဌဟောင်း ရဲစခန်းတွင် သေဆုံး
DVB
·
July 21, 2021
ဖမ်းဆီးတရားစွဲခံထားရသည့် မင်းကင်းစည်ပင်ဥက္ကဋ္ဌဟောင်း ရဲစခန်းတွင် သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း မင်းကင်းရဲစခန်းမှာ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင် တရားစွဲထားတဲ့  စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဒေါ်ခင်မာရီဟာ ဆေးကုခွင့်မရတာကြောင့် ဇူလိုင် ၂၁ ရက်နေ့ မနက်က အချုပ်ထဲမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဒေါ်ခင်မာရီ (ခ) ဖွားချိုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးတရားစွဲဆိုပြီး အချုပ်ခန်းမှာ ထားရှိစဉ် ဆေးကုသခွင့်မရဘဲ ကွယ်လွန်သွားတာပါ။

ဆီးချိုရောဂါအခံရှိတဲ့ ဒေါ်ခင်မာရီဟာ ဒီနေ့မနက် ၈ နာရီ မင်းကင်းအချုပ်ခန်းထဲမှာ ဆီးချိုတက် နှလုံးရပ်ပြီး  ကွယ်လွန်သွားတာလို့ ဆွေးမျိုးနီးစပ်သူတဦးက ပြောပါတယ်။

“ကျနော်တို့လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဆေးရုံတက်ခွင့်တောင်းတယ်။ မပေးဘူး။ ဒီနေ့မနက်ခင်း မင်းကင်းရဲစခန်းအချုပ်ထဲမှာပဲ ဆီးချိုတွေတက်ပြီး ဖွားချိုက သေဆုံးသွားတယ်။” 

ဒေါ်ခင်မာရီဟာ မင်းကင်းရဲစခန်းအချုပ်ခန်းထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိကိုတော့ မိသားစုဝင်တွေက မသိရကြောင်းနဲ့ ဒီနေ့ညနေပဲ ချက်ချင်း မီးသင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။

ကွယ်လွန်သွားတဲ့ အသက် ၅၀ အရွယ် မင်းကင်းမြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဒေါ်ခင်မာရီမှာ သမီးနှစ်ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013