DVB Logo
Home
မြန်မာသတင်း
ကျောက်တံတားရဲစခန်းအနီး ဆန္ဒထုတ်ဖော်မှု ရဲစခန်းက မသိသဖြင့် ကြိမ်းမောင်းခံနေရ
DVB
·
December 9, 2025
ကျောက်တံတားရဲစခန်းအနီး ဆန္ဒထုတ်ဖော်မှု ရဲစခန်းက မသိသဖြင့် ကြိမ်းမောင်းခံနေရ
Donate to DVB

ဆူးလေ ကျောက်တံတားရဲစခန်းအနီး အမှိုက်ပုံးဘေးမှာ ဒီဇင်ဘာ ၉ ရက်မနက်က ရန်ကုန်လူထုသပိတ်အဖွဲ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်တဲ့ စာသားပါဆိုင်းဘုတ်ကို ရဲစခန်းက ရဲတွေ မသိလိုက်တဲ့အတွက် အထက်က ဆူပူကြိမ်းမောင်းတာ ခံနေရတယ်လို့ ကျောက်တံတားရဲစခန်းနဲ့နီးစပ်သူဆီက သိရပါတယ်။

ဒီဇင်ဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ထားပြီး ရဲစခန်းက ဘယ်ချိန်မှာ ဘယ်သူတွေ လာရောက်လုပ်ဆောင်သွားတယ်ဆိုတာကို  မသိလိုက်ရသလို အဲဒီအချိန်မှာပဲ ဆူးလေတဝိုက်မှာ ခရိုင်ရဲမှူးကိုယ်တိုင်ရောက်ရှိပြီး ကင်းလှည့်နေချိန်လည်းဖြစ်ကြောင်း အဆိုပါနီးစပ်သူက ပြောပါတယ်။

“ဆူးလေမှာ ဘုတ်ချသွားတဲ့သူကို CCTV ကနေ လိုက်နေတယ်၊ ရဲစခန်းနားမှာချသွားတာကို မသိရဘူးလားဆိုပြီး ကျောက်တံတားရဲစခန်းကိုလည်း ကြိမ်းနေတယ်တဲ့၊ နောက်ပြီး မနက်ကပဲ ခရိုင်ရဲမှူးကိုယ်တိုင် အဲ့စခန်းနားပတ်နေတာ။ ခရိုင်မှူးဆိုတဲ့လူက လာခဲတယ်လေ၊ ဆူလေးမြို့တော်ခန်းမနားလည်း ရဲကားအစောင့်ရှိတယ်။ စစ်ကားကလည်း ပတ်နေတာ။ ကြိုသတင်းရတယ်လို့တောင် ထင်ရတယ်။ အဲဒါကို လုပ်နိုင်တာကိုတော့ ချီးကျူးရမယ်။”

ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ချိန်မှာ မြို့ထဲနေရာတွေမှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်လူထုသပိတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက  “လက်ရှိရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ 360 CCTV တွေ၊ အသွင်ယူ ထောက်လှမ်းရေးအရပ်ဝတ်တွေ၊ ပုံမှန်ပတ်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ ကြားကနေ ယခုလို မြိုလည်ခေါင်လိုနေရာမျိုးမှာ အန္တရာယ်များကြားကနေ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပါတယ်” DVB ကို ဖြေကြားထားပါတယ်။  

လက်ရှိ မြို့ထဲမှာ လုံခြုံရေးတိုးမြှင့်ထားသလို စစ်တပ်နဲ့နီးစပ်သူတွေက အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာတွေ့ရှိရကြောင်း ဆူးလေအနားမှာရောက်ရှိနေတဲ့ ပြည်သူတယောက်က ပြောပါတယ်။

“ခု မြို့ထဲမှာ အရပ်ဝတ်နဲ့ချထားတာတွေရှိတယ်၊ ကလေးတွေကို သတိထားစေချင်တယ်။ သူခိုးဂျပိုးတွေနဲ့ ရပ်ကွက်ထဲက ပျူတွေကို အင်အားဖြည့်ခိုင်းထားတဲ့ ပုံပေါ်တယ်။ မနက်ဖြန်ကိစ္စကိုလည်း ဒီကောင်တွေ အရမ်းကြောက်နေကြတယ်” လို့ ပြောပါတယ်။

ရန်ကုန်လူထုသပိတ်ရဲ့ အသိပေးနှိုးဆောင်ထားချက်မှာတော့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း၊ ဆန့်ကျင်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက် ‘အသံတိတ်’ သပိတ်မှာ ပြည်သူလူထုတရပ်လုံးက အတူတကွ ပူပေါင်းပါဝင်ကြဖို့နဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန် ကာလတွေမှာလည်း လူထုရဲ့ ‘ပုန်ကန်အံတုမှု’ ရှိမှသာ လွတ်မြောက်မှုအစစ်ကို ရနိုင်မှာဖြစ်ကြောင်း အသိပေး လှုံ့ဆော်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013