DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်နှင့် မကွေးတိုင်း ၁၂ မြို့နယ်ကို Stay at Home ထပ်မံကြေညာ
DVB
·
July 21, 2021
ကချင်ပြည်နယ်နှင့် မကွေးတိုင်း ၁၂ မြို့နယ်ကို Stay at Home ထပ်မံကြေညာ
Donate to DVB

ကချင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးအတွင်းက ၁၂ မြို့နယ်နေ ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာပဲနေထိုင်ဖို့  စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက   Stay at Home   အမိန့် ဇူလိုင် ၂၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

Stay at Home  အစီအစဉ် အကျုံးဝင်တဲ့ မြို့နယ်တွေကတော့ ကချင်ပြည်နယ်က ရွှေကူမြို့နယ်၊ ဖားကန့်မြို့နယ်နဲ့ မိုးကောင်းမြို့နယ်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် မကွေးတိုင်းဒေသကြီး ပခုက္ကူ၊ မြိုင်၊ တောင်တွင်းကြီး၊ နတ်မောက်၊ စလင်း၊ ဆင်ပေါင်ဝဲ၊ မင်းတုန်း၊ မင်းလှနဲ့ သရက်မြို့နယ်တို့ လည်းပါဝင်ပါတယ်။

အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေတွေ့ရှိမှု များပြားလာတဲ့အတွက် ပြည်သူတွေ အနေနဲ့ အိမ်မှာသာနေကြဖို့လိုအပ်တဲ့အတွက် အခုလိုထုတ်ပြန်တာလို့ ဆိုပါတယ်။ 

ဒီအမိန့်ဟာ ဇူလိုင် ၂၁ ရက် မနက် ၄ နာရီ စတင်အသက်ဝင်မှာဖြစ်ပြီး မလိုက်နာသူတွေ တည်ဆဲဥပဒေအရ အရေးယူခံရမယ်လို့လည်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးအမိန့်နဲ့ ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံ တဝန်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူရော သေဆုံးသူပါ တရက်ကို ၅၀၀၀ ကျောက်လောက် စံချိန်တင်မြင့်တက်နေပြီး Stay at Home   ကြေညာထားတဲ့ မြို့နယ်ပေါင်း ၈၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013