DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်၊ တာချီလိတ်၊ ဖောင်းပြင်၊ ဇေယျာသီရိမြို့နယ်တို့တွင် တရက်တည်း ကိုဗစ်-၁၉ ရာချီကူးစက်
DVB
·
July 21, 2021
လောက်ကိုင်၊ တာချီလိတ်၊ ဖောင်းပြင်၊ ဇေယျာသီရိမြို့နယ်တို့တွင် တရက်တည်း ကိုဗစ်-၁၉ ရာချီကူးစက်
Donate to DVB

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၁၈၉ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်၊ လောက်ကိုင်နဲ့ တာချီလိတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်၊ နေပြည်တော် ဇေယျာသီရိမြို့နယ်တွေက ရာချီကူးစက်မှု အများဆုံးဖြစ်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၃,၉၁၆ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅,၁၈၉ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၇ ဒသမ ၂၈ ရာခိုင်နှုန်းကျော် ရှိနေခဲ့တာပါ။

လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်းကတော့ ၅,၂၈၁ ယောက်ရှိလာခဲ့ပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၂၃၄,၇၁၀ ယောက် ရှိနေပါတယ်။

         ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူး တိုင်းဒေသကြီးက ၉၁၂ ယောက်နဲ့အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ရှမ်းပြည်နယ်က  ၈၅၈ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၆၁၅ ယောက်၊ ဧရာဝတီတိုင်းဒေသကြီးက ၅၈၉ ယောက်စီနဲ့ အစဉ်လိုက် အများဆုံး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။   

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013