DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ပိုးတွေ့လူနာသစ် ၅၀၀၀ ကျော်တွင် ရန်ကုန်က ကူးစက်၊ သေဆုံးမှု ရာခိုင်နှုန်း အများဆုံး ဖြစ်
DVB
·
July 20, 2021
ကိုဗစ်ပိုးတွေ့လူနာသစ် ၅၀၀၀ ကျော်တွင် ရန်ကုန်က ကူးစက်၊ သေဆုံးမှု ရာခိုင်နှုန်း အများဆုံး ဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၂၈၅ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ကူးစက်ခံရသူ ၁,၄၇၄ ယောက်၊ သေဆုံးသူ ၆၈ ယောက်နဲ့ ရာခိုင်နှုန်းအများဆုံးဖြစ်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏ အတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၄၉၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅,၂၈၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၄ ဒသမ ၄၆ ရာခိုင်နှုန်းကျော် ရှိနေခဲ့တာပါ။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ  ရောဂါကူးစက်ခံရသူပေါင်း စုစုပေါင်း ၂၂၉,၅၂၁  ယောက်၊ သေဆုံးသူပေါင်း ၅,၀၀၀ ထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၂,၈၉၀ ယောက် ရှိပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ရန် ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ နေပြည်တော်က ၆၇၆ ယောက်၊ ရှမ်းပြည်နယ်က  ၅၉၀ ယောက်၊ မန္တလေးတိုင်းဒေသကြီးက ၅၂၀ ယောက်စီနဲ့ အစဉ်လိုက် အများဆုံး ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013