DVB Logo
Home
မြန်မာသတင်း
ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဘာသာရေးနှင့်စာသင်ကျောင်းများ ဆက်ပိတ်ရန် ညွှန်ကြား
DVB
·
July 20, 2021
ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဘာသာရေးနှင့်စာသင်ကျောင်းများ ဆက်ပိတ်ရန် ညွှန်ကြား
1 / 4
Donate to DVB

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)  ထိန်းချုပ်နယ်မြေအတွင်းရှိ ဘာသာရေး၀တ်ပြုကျောင်းတွေ၊ စာသင် ကျောင်းတွေကို  ဆက်ပိတ်ထားဖို့ KIO ဗဟိုကိုဗစ်ကာကွယ်ရေးကော်မတီက ဇူလိုင် ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ကိုဗစ်တတိယလှိုင်းကာလ ကူးစက်ပျံ့နှံ့မှုမရှိစေဘဲ ကြိုတင်ကာကွယ်နိုင်ဖို့ ကေအိုင်အို ဌာနချုပ် လိုင်ဇာ အပါအ၀င် အရှေ့ပိုင်းတိုင်း နယ်မြေအတွင်းရှိ သင်ကြားရေးကျောင်းအမျိုးမျိုး၊ ဘာသာရေး၀တ်ပြုကျောင်းတွေနဲ့ လူအများစုဝေးပြုလုပ်တာတွေကို ဇူလိုင် ၁၈ ရက်နေ့မှစ ဆက်ပိတ်ထားဖို့ ဗဟိုကိုဗစ်ကာကွယ်ရေးကော်မတီမှ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကလည်း မိုင်ဂျာယာန်အတွင်းရှိ‌ ကျောင်းတွေ တစ်ပတ်ပိတ်ဖို့ ညွှန်ကြားခဲ့ဖူးတာဖြစ်ပါတယ်။

စစ်ကောင်စီအုပ်ချုပ်တဲ့ ချီဖွေမြို့မှာ ပိုးစတင်တွေ့ရှိပြီး‌နောက် မေခမြစ်တဘက်ကမ်း KIO ထိန်းချုပ်နယ်မြေအတွင်း ကူးစက်မှုမရှိလာစေဖို့ ဇူလိုင် ၁၄ ရက်နေ့မှစတင်ကာ ချီဖွေ လောခေါင် နယ်မြေအတွင်း သွားလာနေကြတဲ့ ခရီးသွား ဒေသခံပြည်သူတွေကို KIO က ကိုဗစ်ရောဂါစစ်ဆေးတာတွေ ပြုလုပ်‌ပေးနေပြီး အ၀င်ပေါက်တွေကိုလည်း ယာယီပိတ်ထားလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇူလိူင် ၁၉ ရက်နေ့အထိ ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်ဂျာယန်မှာ ပိုးတွေ့အတည်ပြုလူနာ ၃၀၀ ကျော်အထိရှိလာခဲ့ပြီး ဌာနချုပ်လိုင်ဇာ ကွာရန်တင်းစင်တာမှာလည်း ၆ ဦး ထပ်မံတွေ့ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။

ပုံ - kachin net

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013