DVB Logo
Home
မြန်မာသတင်း
သာကေတ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းမှ လူငယ် ၁ ဦး ဖမ်းဆီးခံရ
DVB
·
July 19, 2021
သာကေတ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းမှ လူငယ် ၁ ဦး  ဖမ်းဆီးခံရ
1 / 2
Donate to DVB

ရန်ကုန်၊ သာကေတမြို့နယ်မှာ ဇူလိုင် ၁၉ ရက် ဒီနေ့ မနက်ပိုင်းက  ဆန္ဒပြတဲ့ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အရပ်ဝတ်နဲ့ လူတချို့က အိမ်စီးကားအသုံးပြုပြီး ဝင်ရောက်ဖမ်းဆီးရာမှာ ဆန္ဒပြလူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

သပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ဦးက "သပိတ်ထွက်ပြီး ၅မိနစ်လောက်ပဲရှိသေးတယ် စပြီး အဖြိုခွဲခံရတယ်။ ဒလန်သတင်း ပေးတာကြောင့်လည်းပါတယ်။ အနောက်ကနေ ဆိုင်ကယ်တွေရော အိမ်စီးကားတွေနဲ့ရော လိုက်ဖမ်းတာပါ။ ဒီနေ့ကတော့ သာကေတကျောင်းပေါင်းစုံသပိတ်အနေနဲ့ အာဇာနည်နေ့ ကြွေးကြော်သံတွေနဲ့ သပိတ်စစ်ကြောင်းထွက်လာခဲ့တာပါ"လို့ပြောပါတယ်။ 

ဒီနေ့ ဇူလိုင် ၁၉ ရက် ၇၄ နှစ်မြောက်အာဇာနည်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှည့်လှည်ပိတ်ဆို့ ဖမ်းဆီးနေတဲ့ကြားက နိုင်ငံတဝန်းမှာတော့  အာဇာနည်နေ့အတွက် ကြွေးကြော်သံတွေ၊ ကားဟွန်းတီးသံ သပိတ်တွေနဲ့ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013