DVB Logo
Home
မြန်မာသတင်း
မြောက်ဒဂုံတွင် ကိုဗစ်လူနာများကို အသက်ကယ်ပေးနေသည့် ပရဟိတ ဆရာဝန် ၅ ဦး ဖမ်းဆီးခံရ
DVB
·
July 19, 2021
မြောက်ဒဂုံတွင် ကိုဗစ်လူနာများကို အသက်ကယ်ပေးနေသည့် ပရဟိတ ဆရာဝန် ၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှာ  ကိုဗစ်လူနာတွေအတွက်   Home Care ကျန်းမာရေးစောင့်ရှောက်မှုလိုက်ပေးနေတဲ့  ပရဟိတ ဆရာဝန် ၅ ဦးကို ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ   စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ဖမ်းဆီးသွားတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ ဆရာဝန်တွေကို CDM ဝန်ထမ်းတွေလို့ယူဆပြီး ထောင်ဖမ်းခဲ့တာလို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

"ဝင်စီးတယ်ဆိုတာထက် သူတို့ကနေမကောင်းဘူးဆိုပြီး အဲ့ဒီကိုဖုန်းဆက်တာ။ ဆရာဝန်ငါးယောက်ထဲက သုံးယောက်က သွားပြီးကြည့်ပေးတာ။ ကြည့်ပေးတဲ့အချိန်မှာ အဲ့ဒီသုံးယောက်ကို ဆွဲစိလိုက်တယ်။ အဲ့ဒီသုံးယောက်ကိုလိုက်ပို့တဲ့ ကားသမားက သူတို့ရုံးခန်းကို  ပြန်လာပြီးတော့ ပြောတဲ့အချိန်မှာ နောက်ကလိုက်လာပြီး အင်အားအလုံးအရင်းနဲ့ ဖမ်းတာ။ ဝင်ဖမ်းပြီးတော့ ဆရာဝန်ငါးယောက်လုံးကို ထိန်းသိမ်းသွားတယ်။" 

အဖမ်းခံရတဲ့ ဆရာဝန်တွေဟာ Facebook၊ မက်ဆင်ဂျာတွေကနေ ပြည်သူတွေကို  မေးခွန်းတွေဖြေပေးသလို ကိုဗစ်အတွက် အိမ်တိုင်ရာရောက်သွားပြီး တတ်နိုင်သလောက် ကူညီနေကြသူတွေဖြစ်ပါတယ်။ 

ဆရာဝန်တွေ စုဝေးရာနေရာက ပြည်သူတွေလှူထားတဲ့ အောက်ဆီဂျင်စက်တွေ အောက်ဆီဂျင်အိုးတွေ ဆေးခန်းသုံးပစ္စည်းအများအပြားကိုလည်း စစ်ကောင်စီက သိမ်းယူသွားပါတယ်။

ဖမ်းဆီးသွားတဲ့ ဆရာဝန်တွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဆရာဝန်အသိုင်းအဝိုင်းက စုံစမ်းနေပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့ဆိုပါတယ်။ 

နိုင်ငံတကာစစ်စည်းကမ်းတွေအရ တိုက်ပွဲတွေအတွင်းမှာတောင် ဆရာဝန်တွေ ဆေးတပ်သားတွေကို ဖမ်းဆီးခွင့် ပစ်ခတ်ခွင့် မရှိပါဘူး။ 

ကိုဗစ်ကပ်ရောဂါအခက်အခဲကို ပြည်သူတွေရင်ဆိုင်နေရချိန်မှာ အကူအညီပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဆရာဝန်အသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013