DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် ကလေးငယ် ၇၇ ဦးအပါအဝင် ၉၅၀ ကျော် ကျဆုံးဟု GSCN ထုတ်ပြန်
DVB
·
July 19, 2021
စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် ကလေးငယ် ၇၇ ဦးအပါအဝင် ၉၅၀ ကျော် ကျဆုံးဟု GSCN ထုတ်ပြန်
Donate to DVB

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၉၅၅ ယောက် ရှိခဲ့ပြီး အဲဒီထဲမှာ ကလေးသူငယ် ၇၇ ယောက် ပါဝင်တယ်လို့ လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ (GSCN) က ထုတ်ပြန်ပါတယ်။

ကျဆုံးသူတွေထဲ အမျိုးသား ၇၉၄ ယောက်၊ အမျိုးသမီး ၅၃ ယောက်နဲ့ အမည်မသိသူ ၁၀၈ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် သေဆုံးမှုနှုန်းမှာတော့ ရန်ကုန်တိုင်းဒေသကြီးက ၂၃၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာ မန္တလေးတိုင်းဒေသကြီးက ၂၁၀ ယောက်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၁၄၉ ယောက်၊ ပဲခူးတိုင်းဒေသကြီးက ၁၁၃ ယောက်စီနဲ့ အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၁၈ ရက်နေ့ထိ စာရင်းဖြစ်ပြီး ဖမ်းဆီးခံထားရသူ စုစုပေါင်းကတော့ ၅,၂၈၁ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံဘဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၆ လထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်သလို နိုင်ငံတဝန်း ဆန္ဒပြပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ ဆက်လက်ရှိနေကြဆဲ ဖြစ်ပါတယ်။

လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ (GSCN) ကိုတော့ အာဏာရှင်စနစ်ဖျက် သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဉပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေး စတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013