DVB Logo
Home
Lead Story
အောက်ဆီဂျင်အလှူအတွက် Art For Oxygen အွန်လိုင်းပန်းချီပြပွဲ ကျင်းပမည်
DVB
·
July 19, 2021
အောက်ဆီဂျင်အလှူအတွက် Art For Oxygen အွန်လိုင်းပန်းချီပြပွဲ ကျင်းပမည်
Donate to DVB

       လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကပ်ဘေးကာလမှာ လူနာတွေအတွက် လိုအပ်တဲ့ ‌အောက်ဆီဂျင်အခက်အခဲကို တထောင့်တနေရာက ဖြေရှင်းနိုင်ဖို့ အွန်လိုင်းပန်းချီ ပြပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

Art For Oxygen လို့ အမည်ပေးထားတဲ့ ဒီပြပွဲကိုတော့ မနက်ဖြန် ဇူလိုင် ၂၀ ရက် ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး KZL Art Studio & Gallery ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

    ဒီပြပွဲမှာတော့ ဝါရင့်ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဆရာကြီး ဦးအောင်မြင့်တို့က စ လို့ ထင်ရှားတဲ့ ပန်းချီဆရာတွေ၊ ထွန်းသစ်စ ပန်းချီဆရာတွေရဲ့ လက်ရာတွေကို ရာနဲ့ချီ တစုတစည်းထဲ ကြည့်ရှူခံစားနိုင်မှာဖြစ်ပြီး ပန်းချီဆရာက အောက်ဆီဂျင်အလှူအတွက်  ၁၀၀% အပြည့် လှူဒါန်းထားပြီး ပြခန်းကလည်း အကျိုးအမြတ်လုံးဝ မယူဘဲ အလှူဖြစ် မြောက်ရေးအတွက် ပြသရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ရောင်းရငွေတွေအားလုံးကို တကျပ်မှအပွန်းအပဲ့မခံဘဲ အောက်ဆီဂျင်ရရှိရေးအ တွက်  ချက်ချင်းလှူဒါန်းပေးသွားမယ်လို့ ဆိုပါတယ်။

အောက်ဆီဂျင်အလှူအတွက် ပန်းချီကားဝယ်ယူလိုသူတွေအနေနဲ့ မိုဘိုင်းဘဏ်ငွေ ပေးချေမှု စနစ်နဲ့လည်း ဝယ်ယူနိုင်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ပန်းချီပြခန်းဖေ့စ်ဘွတ်ခ်ကတဆင့်ဖြစ်စေ၊ အရောင်းတာဝန်ခံဖုန်း 09-950715859 ၊ 09- 424607080 တို့ကိုဖြစ်စေ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013