DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာလ ပန်းချီဆရာများကို ကူညီရန် ပန်းမဏ္ဍလာ အွန်လိုင်းပန်းချီပြပွဲ ကျင်းပမည်
DVB
·
October 21, 2020
ကိုဗစ်-၁၉ ကာလ ပန်းချီဆရာများကို ကူညီရန် ပန်းမဏ္ဍလာ အွန်လိုင်းပန်းချီပြပွဲ ကျင်းပမည်
1 / 24
Donate to DVB

ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလမှာ ပန်းချီပြပွဲတွေ ပြုလုပ်ခွင့်မရတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပန်းချီဆရာမိသားစုတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ အွန်လိုင်း ပန်းချီပြပွဲ ကျင်းပဖို့ ရှိနေပါတယ်။

ပန်းမဏ္ဍလာအွန်လိုင်း ပန်းချီပြပွဲကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၃ ရက်ကနေ ၂၇ ရက် အထိ  ၅ ရက်ကြာ ပြုလုပ်သွားမယ်လို့ အွန်လိုင်းပြပွဲကို  ဦးဆောင်သူ ပန်းချီကျော်မိုးအောင်က ပြောပါတယ်။

ပန်းချီဆရာ ၁၀၀ ရဲ့ ပန်းချီကား ၁၀၀ ကျော် စုစည်းပြသမယ့် ဒီပြပွဲကို Artissmile ပြခန်း https://www.facebook.com/Artissmile-Art-House-704002526611931    စာမျက်နှာနဲ့ https://www.facebook.com/kyaw.moeaung.92351  ပန်းချီကျော်မိုးအောင်ရဲ့ လူမှုကွန်ရက် စာမျက်နှာတို့မှာ ပြသထားမှာပါ။

ဈေးနှုန်းတွေကိုလည်း ပန်းချီကားတွေနဲ့ အတူ ကြေညာထားပြီး ပန်းချီကားရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အကူအညီလိုအပ်နေတဲ့ ပန်းချီဆရာမိသားစုတွေအတွက် ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013