
မြန်မာအင်နီယာတွေ စတင်မွေးဖွားရာ GTI ပညာရေး ၁၂၅ နှစ်ပြည့် အမှတ်တရ အွန်လိုင်းပန်းချီပြပွဲကို Yadana Art Studio ပန်းချီပြခန်း ဖေ့စ်ဘွတ်ခ်ပေ့ချ်ကနေ ပြုလုပ်နေပါတယ်။
ဒီပြပွဲကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက် ကနေ ၃၀ ရက်နေ့အထိ ၁၅ ရက်တိတိ ပြသသွားမှာပါ။
ပန်းချီ ဆရာ ဆရာမ ၃၀ ကျော်ရဲ့ ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ် လက်ရာ ပန်းချီ ကားပေါင်း ၁၀၀ ကျော်ကို ပြသထားပြီး ပန်းချီကား ၁ ကားကို ကျပ် ၃ သောင်းကနေ ၁၅ သိန်းအထိ တန်ဖိုး သတ်မှတ်ထားပါတယ်။
ပန်းချီကားတွေကို Yadana Art Studio & Gallery FB Page မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်း၊ ဓာတ်ပုံ - မောင်တူး










