DVB Logo
Home
မြန်မာသတင်း
အသက်ကယ်အောက်ဆီဂျင်အလှူတွင် Clean Yangon အဖွဲ့နှင့်အတူ တတ်အားသမျှပါဝင်နိုင်
DVB
·
July 12, 2021
အသက်ကယ်အောက်ဆီဂျင်အလှူတွင် Clean Yangon အဖွဲ့နှင့်အတူ တတ်အားသမျှပါဝင်နိုင်
Donate to DVB

လတ်တလော ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာ အရေးပေါ်လိုအပ်နေတဲ့ အောက်ဆီဂျင်လိုအပ်ချက်အတွက် ပြည်သူတွေအနေနဲ့ တတ်အားသမျှ ပါဝင်လှူဒါန်းနိုင်ကြောင်း Clean Yangon အဖွဲ့က နှိုးဆော်ထားပါတယ်။

အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲတွေကို အားဖြည့်ကူညီနိုင်ဖို့အတွက် ပရဟိတ OXYGEN PLANT တပ်ဆင်တည်ဆောက်မှုတခုအတွက် ကူညီသွားမှာဖြစ်ပြီး တပ်ဆင်ပြီးပါက တနေ့ကို 40L အလုံး ၁၀၀ ထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

ပြည်သူမှ ပြည်သူသို့ အခမဲ့ကူညီပေးနိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်မယ့် ဒီ OXYGEN PLANT တည်ဆောက်ရေးအတွက် ကုန်ကျစရိတ် ၃ ပုံ ၂ ပုံလောက်ရရှိထားပြီး ဖြစ်ကာ အပြည့်အဝလည်ပတ်နိုင်စေဖို့ ကုန်ကျစရိတ်တွေ ထပ်မံပြီးတော့ လိုအပ်နေ သေးတာကြောင့် ခုလိုအလှူခံရတာလို့ ဆိုပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ Clean Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတဝန်း တကျော့ပြန် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူပေါင်း ၁ သိန်း ၉ သောင်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၃၈၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013