DVB Logo
Home
မြန်မာသတင်း
ကမ္ဘာလုံးဆိုင်ရာအာဇာနည်နေ့ သပိတ် ဂျပန်နိုင်ငံတွင်ကျင်းပ
DVB
·
July 18, 2021
ကမ္ဘာလုံးဆိုင်ရာအာဇာနည်နေ့ သပိတ် ဂျပန်နိုင်ငံတွင်ကျင်းပ
1 / 10
Donate to DVB

တတိယအကြိမ်ကမ္ဘာလုံးဆိုင်ရာ အာဇာနည်နေ့သပိတ်အဖြစ် တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့မှာ ဇူလိုင် ၁၈ ရက်ဒီနေ့ ကျင်းပခဲ့ပြီး လူစည်ကားတဲ့ ရှိဘူယအရပ်မှာ  ချီတက်ဆန္ဒပြကာ အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အာဇာနည်နေ့သပိတ်ကို GMSR က ဦးဆောင်ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ တပြိုင်နက်တည်းကျင်းပတာပါ။

အခုတကြိမ်မှာ အမေရိကန်နိုင်ငံ GMSRက ဦးဆောင်ကျင်းပကာ အာဆီယံနိုင်ငံတွေက စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို  မပံ့ပိုးပေးဘဲ ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ NUG အစိုးရကိုသာ ထောက်ခံပေးဖို့ တောင်းဆိုတာလည်းပါတယ်လို့ တိုကျိုဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ မမေသူက ပြောပါတယ်။

တိုကျိုမြို့ ဆန္ဒပြပွဲကို ဂျပန်လွှတ်တော်အမတ်မစ္စတာ အီရှီဘရှိ၊ လက်ရွေးစင်ဂိုးသမားပြည့်လျှံအောင်၊ ဂျပန်သတင်းထောက်ယူခီစံအပါအဝင် မြန်မာ့အရေးစိတ်ဝင်စားတဲ့ဂျပန်လူမျိုးများပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ 

တိုကျိုမြို့နေ  ကိုကောင်းသူရနိုင်က “ လက်ရှိမြန်မာနိုင်ငံက ညီနောင်တို့ရဲ့ ခံစားချက်တွေကို နိုင်ငံတကာက ပိုမိုသိအောင်နဲ့ ပြည်တွင်းကပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြချင်လို့အ ခုလိုဆန္ဒပြပွဲကိုလာရောက်ပူးပေါင်းဆန္ဒပြတာဖြစ်တယ်။”လို့ ပြောပါတယ်။

ဇူလိုင် ၁၉ရက်နေ့ ကျရောက်မယ့် အာဇာနည်နေ့အထိမ်းအမှတ် အာနည်ခေါင်းဆောင်ကြီးတွေနဲ့ အတူနွေဦးတော်လှန်ရေးအပါအဝင်ခေတ်အဆက်ဆက် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားကြသော အာဇာနည် သူရဲကောင်းတွေအတွက် အလေးပြုဆုတောင်းဂုဏ်ပြုခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရှိ တခြားမြို့ကြီးတွေဖြစ်တဲ့ အိုဆာကာ၊ နဂိုယာ၊ ဆပရို၊ အိုခိနဝ၊ အိုခယမ အစရှိတဲ့မြို့တော်ကြီးတွေမှာလည်း အလားတူဆန္ဒပြပွဲတွေကို ပုံစံမျိုးမျိုးနဲ့ ယနေ့ တပြိုင်တည်း ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013