DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် မွန်းတည့် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရန်နှင့် စျေးဆိုင်များပိတ်ရန် တားမြစ်
DVB
·
July 18, 2021
ပြည်မြို့တွင် မွန်းတည့် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရန်နှင့် စျေးဆိုင်များပိတ်ရန် တားမြစ်
Donate to DVB

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့မှာ ဇူလိုင် ၁၈ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီနောက်ပိုင်းကစတင်ကာ ကျန်းမာရေးကိစ္စကလွဲလို့ အပြင်ထွက်ခွင့်မရှိကြောင်းနဲ့ အပြင်ထွက်သူတွေကို အရေးယူသွားမယ်လို့ ရပ်ကွက်တွေနဲ့ဆိုင်တွေမှာ လိုက်ပြီး သတိပေးတားမြစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက  “ဒီနေ့မနက်ပိုင်းမှာ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ၁၂ နာရီနောက်ပိုင်း ဆိုင်ပိတ်ထားဖို့နဲ့ အပြင်ထွက်လို့မရတော့ဘူးဆိုတာကို လာပြောသွားတယ်” လို့ ပြောပါတယ်။

၁၂ နာရီနောက်ပိုင်း မထွက်ရအမိန့်က နေ့တိုင်းလို့ ပြောနေကြသလို ဒီနေ့ကစပြီး နောက် ၁၀ ရက်အထိလို့ ပြောဆိုနေကြပေမယ့် တိကျတဲ့ ရက်အကန့်အသတ်ကိုတော့ မသိရသေးပါဘူး။

ပြည်မြို့ခံတစ်ယောက်က “ရပ်ကွက်တွေထဲမှာလည်း လိုက်ပြောတယ်။ လမ်းမှာ ကားတွေ ဆိုင်ကယ်တွေကိုလည်း တားပြီးပြောတယ်။ ဘာကြောင့်လဲ၊ ဘယ်နှရက်လဲတော့ ပြောမသွားဘူး။ ညဘက်အထိလို့ ထင်တာပဲ” လို့ ပြောပါတယ်။

ပြည်မြို့ပေါ်မှာ ကားတွေနဲ့ လိုက်ကြေညာနေတာဖြစ်ပြီး ခုလို တားမြစ်လိုက်တာဟာ အရေးပေါ် အောက်ဆီဂျင်လိုအပ်တဲ့သူတွေအတွက် အခက်အခဲ ရှိနိုင်တယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်မှာ ဇူလိုင်လ ၁၄ ရက်နဲ့ ၁၅ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြုလူနာ  ၁၅ ဦးနဲ့ သံသယလူနာ ၆ ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၄ ရက်က ၁၁ ဦး သေဆုံးပြီး  ဇူလိုင် ၁၅ ရက် သေဆုံးသူ  ၄ ဦးထဲမှာ တပ်ကြပ်  ၁ ဦးပါဝင်ပြီး ခုတင် ၁၀၀ စစ်ဆေးရုံမှာ သေဆုံးကာ၊  သံသယလူနာ ၆ ဦးထဲမှာလည်း ခုတင် ၁၀၀ စစ်ဆေးရုံမှာပဲ သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီး ၁ ဦးပါဝင်ကြောင်း သိရပါတယ်။

“သံသယလူနာဆိုတာလည်း ဒီရောဂါလက္ခဏာတွေနဲ့ သေဆုံးကြတာ သေပြီးမှ ဆေးမစစ်ချင်လို့ မစစ်ဘဲ သံသယလူနာလိုလို ဘာလိုလိုနဲ့ ချပေးနေကြတာ၊ နာရေးချပေးနေတဲ့ ကလေးတွေကိုပဲ သနားတယ်။ ကိုဗစ်လူနာဖြစ်ဖြစ် သံသယလူနာဖြစ်ဖြစ်ပဲဖြစ်ဖြစ် PPE ဝတ်ပြီး ကိုဗစ်စည်းကမ်းတွေအတိုင်း ချစေချင်တယ်'” လို့ ကျန်းမာရေးဝန်ထမ်းတဦးက သတိပေး ပြောဆိုပါတယ်။

ပြည်မြို့မှာ  ဇူလိုင် ၁၆ ရက်နေ့အထိ ကိုဗစ်-၁၉ ကူးစက်လူနာ ၅၀၀ ကျော်သွားပြီး သေဆုံးသူ အယောက် ၄၀ ရှိတယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

စစ်ကောင်စီကျန်းမာရေးဌာနကတော့ ဇူလိုင် ၁၅ ရက်ည ၈ နာရီမှ ဇူလိုင် ၁၆ ရက် ည ၈ နာရီအတွင်း ပြည်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇  ဦးတွေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013