DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် မနက် ၉ နာရီနောက်ပိုင်း နေအိမ်ပြင်ပ မထွက်ရန် စစ်ကောင်စီက ကြေညာ
DVB
·
July 18, 2021
မကွေးမြို့တွင် မနက် ၉ နာရီနောက်ပိုင်း နေအိမ်ပြင်ပ မထွက်ရန် စစ်ကောင်စီက ကြေညာ
1 / 4
Donate to DVB

မကွေးမြို့မှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး မနက် ၉ နာရီနောက်ပိုင်း နေအိမ်ပြင်ပ မထွက်ကြဖို့ စစ်ကောင်စီက အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

မကွေးမြို့က ပြည်သူတွေကို မနက် ၉ နာရီနောက်ပိုင်း နေအိမ်ပြင်ပကို မထွက်ခွာဖို့နဲ့ စျေးဝယ်မယ့်သူတွေအနေနဲ့ မနက် ၉ နာရီမတိုင်ခင် ဝယ်ယူထားဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့တာလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ကုန်တင်ယာဥ်တွေမှအပ ခရီးသည်တင်မော်တော်ယာဥ်တွေအနေနဲ့ ​မကွေးမြို့ကို ဝင်ထွက်သွားလာခြင်းမပြုဖို့လည်း ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အပြင်ထွက်ခွင့်မပေးဘူးဆိုရင်လည်း ပြည်သူတွေကို နားလည်အောင် ရှင်းပြပြီးတော့ စားဝတ်နေရေး အခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးမယ်ဆိုတဲ့ အစီအမံတွေတော့ ရှိသင့်တယ်လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ ဇူလိုင် ၁၇ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၃၉ ယောက် ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာ စုစုပေါင်း ၄၉၄၅ ယောက်နဲ့ သေဆုံးတဲ့သူ ၅၅ ယောက်ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013