DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ ခရီးသွားများကို ပုလဲ PDF အသိပေးချက် ထုတ်ပြန်
DVB
·
July 17, 2021
ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ ခရီးသွားများကို ပုလဲ PDF အသိပေးချက် ထုတ်ပြန်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ PDF (Kalay) တပ်ဖွဲ့တို့ ဇူလိုင် ၁၆ ရက်နေ့ မနက်က ၅ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင် ၆ ဦး  ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊  စစ်တပ်က လက်နက်ကြီးတွေနဲ့ အဓိက ပစ်ခတ်ခဲ့တယ်လို့ PDF(Kalay) က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ် တောင်ပိုင်းကို ဖိနှိပ်ရှင်းလင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေကို  PDF (Kalay) အနေနဲ့ အပြင်းအထန် လက်တုံ့ပြန်သွားမှာဖြစ်ပြီး ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြား သွားလာတဲ့ ကားတွေအနေနဲ့ မဖြစ်မနေ မှန်ချပြီး မောင်းနှင်ပေးကြဖို့ PDF (Kalay) က အသိပေးထားပါတယ်။

အလားတူ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ခရီးသွားပြည်သူတွေအနေနဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် လမ်းမကြီးတွေပေါ်မှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး  ည ၈ နာရီနောက်ပိုင်း ဖြတ်သန်းမောင်းနှင်တာတွေမလုပ်ဖို့ ဇူလိုင် ၁၆ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရပ်သားကားတွေကို အသုံးပြုပြီး သွားလာလှုပ်ရှားနေတာကြောင့် မှားယွင်းပစ်ခတ်မိမှာ စိုးရိမ်တဲ့အတွက် အခုလို ထုတ်ပြန်တာလို့ ဆိုပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ ည ၈ နာရီနောက်ပိုင်း ပုလဲမြို့နယ်ရဲ့ လမ်းမကြီးများပေါ်မှာ ဖြတ်သန်းမောင်းနှင်ခြင်းမပြုဘဲ စခန်းချ ရပ်တန့်ထားပေးကြဖို့ အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်သားအသွင်ယူပြီး ဒေသအတွင်း လှုပ်ရှားသွားလာကြောင်း သိရတဲ့အတွက် တိုက်ခိုက်ချေမှုန်းနိုင်ဖို့ ပြည်သူတွေအနေနဲ့ တွေ့ရှိပါက နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကို အချိန်မီ သတင်းပို့ကြဖို့လည်း ပုလဲ PDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013