DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားလိုင်း ၁၁ လိုင်း ၉ ရက် ရပ်နား
DVB
·
July 16, 2021
YBS ဘတ်စ်ကားလိုင်း ၁၁ လိုင်း ၉ ရက် ရပ်နား
Donate to DVB

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်း ၁၁ လိုင်းကို  ကိုဗစ်-၁၉ ကပ် ရောဂါ ကူးစက်ပျံ့နှံ့မှု အန္တရာယ်ကြောင့် ဇူလိုင် ၁၇ ရက်က စတင်ကာ ၉ ရက်ကြာ ရပ်နားထားမယ်လို့ သိရပါတယ်။

ရပ်နားထားမယ့် ယာဉ်လိုင်းတွေထဲမှာတော့ လူထုမိတ်ဆွေအကျိုးပြုယာဉ်လိုင်းက ပြေးဆွဲပေးနေတဲ့  ၃၂၊ ၇၈၊ ၉၃၊ ၉၄ နဲ့ ၉၇ တို့ပါဝင်ပြီး Omni Focus ကနေ ပြေးဆွဲပေးနေတဲ့  ၂၀၊ ၅၆၊ ၈၂၊ ၈၃၊ ၉၈ နဲ့ ၉၉ ယာဉ်လိုင်းတွေ ပါဝင်ပါတယ်။

လတ်တလော ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၁၈၈ ယောက်၊ သေဆုံးသူ ၁၆၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစု ပေါင်း ၂၁၂,၅၄၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေ့စဉ်ရက်ဆက်ဆိုသလို ရောဂါကူးစက်ခံရပြီး သေဆုံးရတာတွေ၊ လိုအပ်တဲ့ အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေ၊ ဆေးရုံနဲ့ ဆေးကုသရေးစင်တာတွေ လိုအပ်ချက်တွေလည်း မြင့်တက်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက်စစ်ကောင်စီက ရောဂါကူးစက်မှုတွေ မြင့် တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများတဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသနိုင်ဖို့ အတွက် အများပြည်သူ အလုပ်ပိတ်ရက်ကို ဇူလိုင် ၁၇ ရက်ကနေ  ၂၅ ရက်နေ့အထိ တဆက်တည်းပိတ်ရက်အဖြစ်  ကြေညာထားပါတယ်။

PHOTO- Omni Focus

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013