DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် နှစ်ပတ်အတွင်း လူ ၂၀၀ ကျော်သေဆုံး၊ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်ဟု ပရဟိတအဖွဲများပြော
DVB
·
July 16, 2021
ပုသိမ်တွင် နှစ်ပတ်အတွင်း လူ ၂၀၀ ကျော်သေဆုံး၊ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်ဟု ပရဟိတအဖွဲများပြော
1 / 25
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ နှစ်ပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး အဓိက အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ဖြစ်တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေက ပြောပါတယ်။

ပုသိမ်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၂၁၀ ဦးသေဆုံးခဲ့တယ်လို့  မနောဖြူလူမှုကူညီရေးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂ ပတ်အတွင်း သေဆုံးခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ ၂၁၀ ဦးထဲမှာ အသက်ကြီးတဲ့အရွယ်တွေက ပိုများပြီး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးကြတာလို့ ဒေသခံတွေက ပြောပါတယ်။

"ခုက သေတဲ့လူတွေ တော်တော်များများက အောက်ဆီဂျင်ပြတ်လို့ သေရတာများတယ်။ အသက်ကြီးပိုင်းတွေကူးရင် တော်တော်ကို ဘုရားတနေရတယ်၊ အောက်ဆီဂျင်လောက်အောင် မရှာနိုင်ရင် သေဖို့ရာနှုန်းများတယ်။ ဆရာကြီး အမြန်လွတ်ပါစေလို့ ဆုတောင်းနေရတယ်'' လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်-၁၉ လူနာတွေအပြင် နေရာမလောက်တော့လို့ အိမ်မှာနေတဲ့ လူနာတွေ သေဆုံးမှုတွေထဲမှာ အောက်ဆီဂျင်ပြတ်လို့ သေရတာ နေ့စဉ်  ၁၃ ဦးလောက်ရှိတယ်လို့ ဒေသခံ ပရဟိတအဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

ပုသိမ်မြို့မှာ အောက်ဆီဂျင်ပြဿနာကို ဖြေရှင်းနိုင်ဖို့ မြို့ခံစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မတည်အလှူငွေနဲ့ ပြည်သူတွေ လှူဒါန်းငွေပေါင်းပြီး အောက်ဆီဂျင်စက်ရုံ ထောင်ဖို့ စတင်ဆောက်လုပ်နေပြီး အချိန် ၁ လခွဲလောက်ကြာမြင့်နိုင်မယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ အခုလို ကိုဗစ်ကြောင့် သေဆုံးတာမြင့်တက်နေပေမယ့် တိုင်းရင်းဆေးရုံမှာ တက်ရောက်တဲ့ ကိုဗစ်လူနာတွေကို ဆေးလည်း မပေးသလို အောက်စီဂျင်လည်း ပေးမထားဘဲ အောက်ဆီဂျင်ကျလာတဲ့အချိန်မှ ပုသိမ်ဆေးရုံကြီးကို လွှဲပြောင်းပေးတာမျိုး ပြုလုပ်တာရှိတယ်လို့ လူနာတဦးက DVB ကို ပြောပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ကစတင်ကာ ပုသိမ်မြို့မှာ နေ့စဥ်သေဆုံးမှု ၂၀ ကနေ ၃၀ ကြားရှိလာပြီး မီးသင်္ဂြိုဟဖို့အတွက် မနိုင်မနင်း အအခြေအနေတွေဖြစ်လာပြီး ဒေသတွင်း ပရဟိတအဖွဲ့တွေကို သေဆုံးလူနာသယ်လို့ အကူညီတောင်းခံရတာတွေရှိတယ်လို့ မနောဖြူလူမှုကူညီရေးအသင်းက တာဝန်ရှိသူက DVB ကိုပြောပါတယ်။

တိုင်းအတွင်းက ပရဟိတအသင်းအဖွဲ့တွေကို ကိုဗစ်လူနာသေဆုံးတဲ့အခါ သယ်ယူဖို့အတွက် အကူညီလိုကြောင်း တောင်းခံပေမယ့် ညောင်တုန်းမြို့က အဖွဲ့ ၁ ဖွဲ့သာ လာရောက်ကူညီတာကြောင့် မနိုင်မနင်း အခြေအနေ ရောက်နေပြီလို့ ဆိုပါတယ်။

ပုသိမ်မြို့ကို ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်နေ့ကစတင်ကာ Stay at Home ထုတ်ပြန်ခဲ့သလို ဈေးတွေနဲ့ ကျောင်းတွေလည်း ပိတ်ထားခဲ့ပေမယ့် ရောဂါကူးစက်မှုမြင့်တက်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013