DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ အကူအညီလိုအပ်
DVB
·
July 16, 2021
လွိုင်ကော်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ အကူအညီလိုအပ်
Donate to DVB

လွိုင်ကော်မြို့နယ်အတွင်း ဇူလိုင် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၈ ထောင်လောက် တောတွင်းထွက်ပြေး ပုန်းရှောင်နေကြပြီး အကူအညီတွေလိုအပ်နေပါတယ်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အရှေ့ဘက် ဒေါတဟေးရွာနဲ့ တီးလုံ အစရှိတဲ့ ကျေးရွာအနီး  ဇူလိုင် ၁၂ ရက်နေ့က  KNPP ကရင်နီတပ်မတော်အမှတ် ၃ တပ်ရင်းနဲ့ စစ်ကောင်စီ တပ်တို့ ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒီလိုတိုက်ပွဲဖြစ်ပွားမှုနဲ့ စစ်ကောင်စီတပ်ဘက် စစ်ကြောင်းထိုးမှုကြောင့် ရွာသားတွေဟာ စိုးရိမ်ထိတ်လန့်ပြီး တောတွင်းထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တချို့လည်း ဝေးဝေးပြေးနိုင်တဲ့သူတွေကျတော့ အဝေးမှာပြေးကြတယ်။ ဆိုင်ကယ်မရှိတဲ့ သူဆိုရင် အနီးအနားမှာပဲ ပြေးကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ ပစ်လို့ရှိရင် လက်နက်ကြီးတွေ ကျမှာစိုးလို့ ကျမတို့လည်း ပေးရတာပေါ့။ အခက်အခဲက မိုးကာက အဆင်မပြေဘူးဖြစ်နေတယ်။ မနေ့ညက မိုးအကြီးအကျယ်ရွာတော့ မအိပ်ရတဲ့လူတွေရှိတယ်။ တချို့မိသားစုအတွက်က ခြင်ထောင်လည်း အဆင်မပြေဘူးဖြစ်နေတယ်။ ဖျားမှာလည်း စိုးရိမ်တယ်။ ”

တီးလုံနဲ့ ထီးစဲခါးကျေးရွာအုပ်စုထဲက ကွန်နား၊ နောင်လုံ၊ ဝမ်ခိုင်း၊ သရီးဒါး၊ ဒေါသဟေး၊ ဝမ်ငေါ့၊ ဒေါစဲ အစရှိတဲ့ကျေးရွာတွေက လူပေါင်း ၈၀၀၀ လောက် တောတွင်းထွက်ပြေး နေကြရတာလို့ ဆိုပါတယ်။

လက်ရှိချိန်ဟာ မိုးရာသီကာလဖြစ်တာကြောင့်  စစ်ရှောင်တွေအတွက် ယာယီခိုလှုံရာနေရာ တည်ဆောက်ရေးဖို့ အရေးပေါ် မိုးကာ လိုအပ်နေတဲ့အပြင်၊ ခြင်ထောင်၊ ဆေးဝါးနဲ့ အစားသောက်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်မှာ မေလ တတိယအပတ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ရှောင်လာသူဦးရေ ၁ သိန်းကျော်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013