DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၈၇ ဦး စံချိန်တင်တွေ့၊ ၃ ဦးသေဆုံး
DVB
·
July 15, 2021
စစ်ကိုင်းတွင် တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၈၇ ဦး စံချိန်တင်တွေ့၊ ၃ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းမြို့မှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၇ ဦး စံချိန်တင်တွေ့ခဲ့ပြီး လူနာ ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက“ခုမနက်ပိုင်းက ကျွန်တော်တို့စစ်ကိုင်းမြိူ့ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း၃ယော က်သေဆုံးသွားတယ်။ ကျနော်တို့ စစ်ကိုင်းမြို့မှာ ဒီနေ့ ကိုဗစ်စစ်ဆေးသူ ၄၅၀ ရှိတယ်၊ အဲဒီထဲ ၁၈၇ ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်” လို့  ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ဇူလိုင် ၁၅ ရက်ထိ ကိုဗစ်ကူးစက်သူ ၄၈၉ ဦးရှိပြီး သေဆုံး ၁၂ ယောက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်မှုများလာတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အောက်ဆီဂျင် လိုအပ်နေတယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း ရောဂါပိုးတွေ့ရှိမှု တနေ့တခြား များပြားလာနေပြီး ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်း အင်အားနည်းပါးမှုကြောင့် ရောဂါပိုးစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့အတွက် နေအိမ်တွေမှာပဲ ကုသနေတဲ့ ပိုးတွေ့လူနာတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးဝမြို့ ဒေသခံတစ်ဦးက “အခုဆို ကျမတို့ ကလေးဝမြို့မှာ ဆရာဝန်နဲ့ အောက်ဆီဂျင်လုံလောက်မှုမရှိဘူး။ အောက်ဆီဂျင်တွေကို မုံရွာကနေပဲ သယ်ယူရတယ်။ ဆေးရုံသွားတာ နည်းပြီး နေအိမ်တွေမှာပဲ ကုသနေတယ်။ ဆေးရုံသွားပြရင် အဆင်မပြေဘူး ဆရာဝန်တွေမရှိတော့ လူနာတွေ ဂရုစိုက်မကုနိုင်ဘူး” လို့ ပြောပါတယ်။

စစ်ကိုင်တိုင်းမှာ ပိုးတွေ့လူနာ အများဆုံးမြို့နယ်တွေကတော့ ဟုမ္မလင်း၊ ကလေး၊  တမူး၊ မုံရွာနဲ့  စစ်ကိုင်းမြို့တို့ဖြစ်ပြီး ကလေးမြို့က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013