DVB Logo
Home
မြန်မာသတင်း
အဆိုးပေါင်းစုံ ကြုံတွေ့နေသည့် မြန်မာနိုင်ငံကို အရေးပေါ်ကူညီရန် ကုလကိုယ်စားလှယ် တိုက်တွန်း
DVB
·
July 15, 2021
အဆိုးပေါင်းစုံ ကြုံတွေ့နေသည့် မြန်မာနိုင်ငံကို အရေးပေါ်ကူညီရန် ကုလကိုယ်စားလှယ် တိုက်တွန်း
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေတဲ့ အဆိုးတကာ့ပေါင်းစုံ ဆုံနေတဲ့ နိုင်ငံရေးမုန်တိုင်းကိုဖြေရှင်းပေးဖို့ အရေးပေါ် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ဖို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက တောင်းဆိုလိုက်ပါတယ်။

ဒဲလ်တာမျိုးကွဲအပါအဝင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေ အုံလိုက်ကျင်းလိုက် မြင့်တက်များပြားမှု၊ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမှု၊ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ဘယ်အရာကိုမှ မြန်မာပြည်သူတွေအနေနဲ့ အလေးအနက်မယုံကြည်မှုတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးပေါ်အကူအညီမရှိရင် မြန်မာနိုင်ငံမှာ သိသိသာသာအသက်ဆုံးရှုံးမှု ဖြစ်သွားစေနိုင်တဲ့ အဆိုးပေါင်းစုံနဲ့ပြည့်စုံနေတဲ့မုန်တိုင်းလို့ တွမ်အင်ဒရူစ်းက ပြောလိုက်တာဖြစ်ပါတယ်။

အမြင့်ဆုံးရရှိနိုင်တဲ့ ကျန်းမာရေးစံနှုန်းဟာ လူတိုင်းရဲ့ အခြေခံအခွင့်အရေးတစ်ခု ဖြစ်ပြီး မြန်မာပြည်သူအများစုကတော့ ဒီအခွင့်အရေးကို ငြင်းပယ်ခံနေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူပေးရမယ်လို့ တွမ်အင်ဒရူးစ်က ပြောဆိုပါတယ်။

အင်ဒရူးစ်ဟာ ဇူလိုင် ၇ ရက်က  ဂျီနီဗာမှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ တင်ပြထားတဲ့ မြန်မာပြည်သူလူထုအတွက် အရေးပေါ်ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့လည်း ထပ်မံတောင်းဆိုလိုက်ပြီး တခြားသော အကြောင်းအရာတွေကြားထဲမှာ မြန်မာပြည်အတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးနိုင်ဖို့လို့ ဆိုပါတယ်။

လက်ရှိအကျပ်အတည်းကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီအဖွဲ့မှာ အရင်းအမြစ်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ တရား၀င်မှု အခြေအနေတွေ ကင်းမဲ့နေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့အပေါ် အလုံးစုံ မယုံကြည်မှုတွေ ပျံနှံ့နေတာကြောင့်လည်း မြန်မာနိုင်ငံရဲ့အကျပ်အတည်းဟာ အထူးသဖြင့် သေကျေဖို့လုံလောက်နေပြီလို့လည်း ဆိုပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့  စစ်ကောင်စီအဖွဲ့နဲ့လည်း မပတ်သက်၊ နိုင်ငံရေးပါတီလည်း မဟုတ်ဘဲ မြန်မာပြည်သူတွေ ယုံကြည်ကိုးစားလို့ရမယ့် ကာကွယ်ဆေးထိုး အစီအစဉ်တရပ် ပါဝင်မယ့် ကိုဗစ်တုံ့ပြန်မှု ဖော်ဆောင်ရေးကို ညှိနှိုင်းဆောင်ရွက်ဖို့  လွယ်ကူချောမွေ့အောင် ကူညီပေးရမယ်လို့လည်း ဆိုပါတယ်။

လိုအပ်တဲ့အကူအညီတွေကို လိုလိုလားလားနဲ့ စီစဉ်ပံ့ပိုးပေးနိုင်မယ့် အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသတွင်းအုပ်စုတွေနဲ့ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေဟာ မရေမတွက်နိုင်တဲ့လူတွေ မသေဆုံးခင်မှာ လုပ်ကိုလုပ်ဆောင်ရမှာဖြစ်ပြီး ခုဆို မြန်မာနိုင်ငံဟာ ဒီသေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးကို ဖြန့်ဖြူးပေးနေတဲ့ super spreader နိုင်ငံဖြစ်လာနေပြီလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူစ်းက ပြောဆိုပါတယ်။ 

စစ်ကောင်စီအဖွဲ့အနေနဲ့ အာဏာမသိမ်းခင် ရက်ပိုင်းကလေးကမှ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ပေးထားတဲ့ ကိုဗစ် အကူအညီဒေါ်လာသန်း ၃၅၀ ကိုလည်း တာဝန်ခံပေးရမယ်လို့လည်း ဆိုပါတယ်။ 

ကိုဗစ်ကိုကုသဖို့ အသက်ကယ်အကူအညီ ပမာဏအများကြီးကို အရေးတကြီးလိုအပ်တယ်လို့ တွမ်အင်ဒရူစ်က ထောက်ပြပြောဆိုပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူတွေကို ကုသဖို့ အောက်စီဂျင်အထောက်အပံ့ အပါအ၀င် စွမ်းဆောင်ရည်ကင်းမဲ့နေမှုက အဓိက ကျနေပြီး ဆေးဘက်ဆိုင်ရာ အရင်းအမြစ်တွေနဲ့ယုံကြည်မှု မရှိခြင်းတွေကြောင့်လည်း လူတွေ သေဆုံးနေကြရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံရှိ လူတွေပြည့်ကျပ်လျှံထွက်နေတဲ့ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရသူတွေ အပါအ၀င် ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်နာကျင်နေရသူအတွက်လည်း အထူးစိုးရိမ်ကြောင်း တွမ်အင်ဒရူစ်းက ထုတ်ဖော်ပြောဆိုပါတယ်။

အာဏာသိမ်းချိန်ကတည်းက မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် မြန်မာအကျဉ်းထောင်တွေထဲက လူဦးရေဟာ အလွန်ကို အန္တရာယ်ရှိနေပြီး အထူးသဖြင့် ဒီလိုအခြေအနေနဲ့ကြုံနေရတဲ့ အကျဉ်းသားတွေဟာ သူတို့ရဲ့ဖမ်းဆီးခံထားရမှုကနေ သေဒဏ်အပေးခံရတာ ဖြစ်လာပြီလို့လည်း ပြောပါတယ်။

မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ ကူညီနိုင်တဲ့အနေအထားကောင်းမှာရှိနေပြီး ကူညီပေးဖို့လည်း စိတ်ဝင်စားကြပေမယ့် အချိန်ဖြုန်းနေလို့ မရတော့ပါဘူးလို့လည်း  တွန်းအားပေး ပြောဆိုပါတယ်။

စစ်ခေါင်းဆောင်တွေအပေါ် ဩဇာညောင်းမယ့်သူတွေက သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို ဘေးကင်းစေဖို့  ချက်ချင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှ တခြားသူတွေကလည်း ဒီ မြန်မြန်ဆန်ဆန် ယိုယွင်းပျက်စီးနေတဲ့ အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အကူအညီတွေ ချက်ချင်း ပံ့ပိုးဖို့ စီစဉ်နေတယ်လို့ ပြောကြားပါတယ်။

Photo- UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013