DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်၌ ၁၂ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၄၀၀၀ ကျော်ရှိ
DVB
·
July 14, 2021
ရှမ်းပြည်နယ်၌ ၁၂ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၄၀၀၀ ကျော်ရှိ
1 / 3
Donate to DVB

ရှမ်းပြည်နယ်မှာ ဇူလိုင် ၁ ရက်ကနေ ၁၂ ရက်နေ့ထိ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၄,၂၄၂ ဦးနဲ့ သေဆုံးသူ ၄၁ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ကူးစက်သူ  ၄၂၄၂ ဦး‌နဲ့ သေဆုံး ၄၁ ဦးမှာ  အနည်းဆုံး ၂၅ မြို့နယ်ထဲကဖြစ်ပြီး  ကူးစက်မှု အများဆုံးမြို့နယ်ကတော့ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ဖြစ်ပါတယ်။ 

၁၂ ရက်တာကာလအတွင်း လောက်ကိုင်မြို့က ကူးစက်မှုအများဆုံး ဖြစ်နေပြီး နေ့စဉ် အနည်းဆုံး အယောက် ၃၀ ကနေ အများဆုံး ၂၃၅ ဦးထိရှိကာ စုစုပေါင်း ၁,၄၁၄ ဦးရှိပါတယ်။ 

ဒါဟာ ဇူလိုင် ၁၂ ရက်နေ့ထိ ထုတ်ပြန်ချက်စာရင်းအရသာဖြစ်ပြီး ဇူလိုင် ၁၃ နဲ့ ၁၄ နောက်ဆုံးရ စာရင်း မပါသေးပါဘူး။ 

ကျန်းမာရေးဝန်ကြီးဌာနက ပိုးကူးစက်မှု အတည်ပြုမြို့နယ်အလိုက် နယ်စာရင်း အသေးစိတ်ကို ၁ ရက်နောက်ကျပြီး ည ၈ နာရီကျော်မှ ထုတ်ပြန်လေ့ရှိတာကြောင့် လူမှုကွန်ရက်က နေ့စဉ်ဖော်ပြချက်တွေနဲ့ ကွဲလွဲမှုအနည်းငယ်ရှိတာ တွေ့ရပါတယ်။ 

လူမှုကွန်ရက်က လက်လှမ်းမီတဲ့ သတင်းတွေအရ ဇူလိုင် ၁၃ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း  နမ့်စန်မြို့မှာ နောက်ထပ်ကူးစက်သူ ၁၃ ဦး၊ တာချီလိတ်မှာ အယောက် ၇၀ ၊ တောင်ကြီးမှာ ပိုးတွေ့ ၅၂ ဦးနဲ့ ‌သေဆုံး ၆ ဦး၊ ကျောက်မဲ ၁၄ ဦး၊ နမ္မတူ ၇ ဦး၊ သီပေါ ၂၄ ဦး၊ ပင်လုံ ၃ ဦး၊ နောင်ချို ၁၃ ဦး၊ အောင်ပန်း ၈ ဦးနဲ့ သေဆုံး ၃ ဦး ရှိတယ်လို့  သက်ဆိုင်ရာ လူမှုကူညီရေးအသင်းနဲ့  မြို့နယ်လူမှုကွန်ရက်စာမျက်နှာ ဖော်ပြချက်အရ သိရပါတယ်။  

ဇူလိုင် ၁၄ ရက် နောက်ထပ်ပိုးတွေ့လူနာအခြေအနေကတော့ နောင်ချိုမှာ  ၂၆ ဦး၊ နမ္မတူမှာ ၈ ဦးတွေ့တယ်လို့ Covid 19 Cooperation  Team  တွေက ရေးသားထားပါတယ်။ 

ရှမ်းပြည်နယ်က နေ့စဉ်ပိုးတွေ့လူနာစာရင်းကို တနေရာတည်းခြုံပြီးဖော်ပြထားတဲ့ ဌာနဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာ မရှိတာကြောင့် အပ်ဒိတ်အတည်ပြုစာရင်းတွေရဖို့ ခက်ခဲနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013