DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်ရရေး အရေးယူဆောင်ရွက်ရန် အာဆီယံကို အမေရိကန် တောင်းဆို
DVB
·
July 14, 2021
မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်ရရေး အရေးယူဆောင်ရွက်ရန် အာဆီယံကို အမေရိကန် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့နဲ့ ဒီမိုကရေစီပြန်လည်ထူထောင်ဖို့အတွက် အရေးယူဆောင်ရွက်ရန် အာဆီယံနိုင်ငံတွေကို တောင်းဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်အာဏာသိမ်းမှုကြောင့် မငြိမ်မသက်ဖြစ်နေခဲ့ရတဲ့ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံအပေါ် အဓိကသံတမန်ရေး အရဦးဆောင်ကြိုးပမ်းနေပါတယ်။

ဗုဒ္ဓဟူးနေ့က အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေနဲ့  အွန်လိုင်းကနေဆွေးနွေးရာမှာ  ဝန်ကြီးဘလင်ကန်က ပြီးခဲ့တဲ့ ဧပြီလက သဘောတူခဲ့တဲ့ အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီချက်နဲ့ပတ်သက်ပြီး ချက်ချင်းအရေးယူဖို့ အာဆီယံကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပရမ်းပတာ ဖြစ်ခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့တွေက ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းထောင်ချီပြီး ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ ဆန္ဒပြသပိတ်တွေကို ချည့်နဲ့အောင်လုပ်ပြီး နယ်စပ်ဒေသတွေမှာလဲ တိုက်ပွဲတွေ အနှံ့အပြားဖြစ်နေရပါတယ်။ 

တိုင်းပြည်အတွင်းမတရား ဖမ်းဆီးထားသူများ အားလုံးကိုလွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြန်လည်ထူထောင်ဖို့ ဝန်ကြီး ဘလင်ကန်က တောင်းဆိုခဲ့ပါတယ်။ 

ဒါ့အပြင် တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ တရားမ၀င် ရေပြင်ပိုင်ဆိုင်မှု ပြောဆိုချက်ကို အမေရိကန်ကပယ်ချခဲ့တယ်ဆိုတာကိုလည်း အလေးအနက် ပြောကြားသွားပြီး ဝါရှင်တန်ဟာ တရုတ်နိုင်ငံရဲ့ အတင်းအကျပ်ဖိအားပေးမှုကို ရင်ဆိုင်နေရတဲ့ အရှေ့တောင်အာရှမှ ဥပဒေအကူအညီ တောင်းခံထားသူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့လည်း ဝန်ကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013