DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများအတွက် ဂျပန်က အရေးပေါ်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၅ ဒသမ ၈ သန်း ပေးမည်
DVB
·
July 14, 2021
မြန်မာပြည်သူများအတွက် ဂျပန်က အရေးပေါ်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၅ ဒသမ ၈ သန်း ပေးမည်
Donate to DVB

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုအပြီးမှာ အစားအစာနဲ့ နေ့စဉ်လိုအပ်တဲ့ပစ္စည်းတွေ ရှားပါးလာတဲ့ မြန်မာနိုင်ငံအတွက်  ဂျပန်နိုင်ငံက အရေးပေါ်လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၅ ဒသမ၈ သန်းပေးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး တိုရှိမိဆုမိုတဲဂီက ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂကလေးများရန်ပုံငွေတို့လို U.N. အေဂျင်စီတွေကနေတဆင့် ပေးအပ်မယ့်အကူအညီဟာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက လူနေမှုအခြေအနေ သိသိသာသာဆိုးရွားလာခဲ့တဲ့ ထိုင်းနိုင်ငံနယ်စပ်အနီးက မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ထိခိုက်နစ်နာရသူပေါင်း ၁၃၆၀၀၀  လောက်အတွက် ထောက်ပံ့ကူညီမှုပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဂျပန်နိုင်ငံက နောက်ဆုံး ထောက်ပံ့ပေးခဲ့တာဟာ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ရှိ လူပေါင်း ၆ သိန်းလောက်အတွက် WFP မှတဆင့် အစားအစာတွေ ထောက်ပံ့ဖြန့်ဖြူးပေးဖို့ ကနဦး ဒေါ်လာ ၄ သန်း ပေးလှူခဲ့တာပါ။ 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရနဲ့ အရပ်သား ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချလိုက်ပြီးနောက်ပိုင်းမှာ အခုနောက်ဆုံး ပံ့ပိုးမှုအပါအဝင် မြန်မာနိုင်ငံကို ဂျပန်က လူသားချင်းစာနာထောက်ထားတဲ့ အကူအညီအဖြစ် ဒေါ်လာသန်း ၂၀ လောက် လှူဒါန်းထားပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ မြန်မာပြည်သူလူထုအတွက် အကူအညီတွေကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲနှိမ်နင်းခြင်းကို ဂျပန်အစိုးရက ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်သွားဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျပန်အစိုးရဟာ စစ်တပ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံအတွက် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့အသစ်တွေကို ရပ်ဆိုင်းထားပါတယ်။ 

ဒါပေမဲ့ စစ်အုပ်စုဝင် လူပုဂ္ဂိုလ်တဦးချင်းနဲ့ ပါဝင်ပတ်သက်သူတွေအပေါ်  ပိတ်ဆို့ဒဏ်ခတ်ဖို့ကိုတော့ အမေရိကန်ပြည်ထောင်စုနဲ့ တခြားဒီမိုကရေစီနိုင်ငံတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်တာတော့ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013