DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၅၀၀၀ ကျော်၌ ပဲခူးတိုင်းကအများဆုံးဖြစ်၊ သေဆုံးသူ ထက်ဝက်ခန့်မှာ ရန်ကုန်ကဖြစ်
DVB
·
July 14, 2021
ကိုဗစ်လူနာသစ် ၅၀၀၀ ကျော်၌ ပဲခူးတိုင်းကအများဆုံးဖြစ်၊ သေဆုံးသူ ထက်ဝက်ခန့်မှာ ရန်ကုန်ကဖြစ်
Donate to DVB

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၀၁၄ ယောက်ထဲမှာ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ ခုမှာ ၁,၁၂၉ ယောက် ကူးစက်ခံရပြီး အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေး ရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်း အဆကိုတော့ မသိနိုင်သေးပါဘူး။

ရန်ကုန်က သုသာန်တွေမှာတော့ သေဆုံးသူ ရာနဲ့ချီ သင်္ဂြိုဟ်ပေးနေရပြီး ဇူလိုင် ၁၃  ရက် မနေ့က ရေဝေးသုသာန်မှာ   ၃၀၀ ကျော်နဲ့ ထိန်ပင်သုသာန်မှာ ၄၂၀ လောက် သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ 

စစ်ကောင်စီ ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၄,၄၃၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၅,၀၁၄ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၃၄ ရာခိုင်နှုန်းကျော် ရှိနေတာပါ။

ဒါ့အပြင် လူနာ ၈၉ ယောက် ထပ်မံပြီးတော့ စံချိန်တင်သေဆုံးခဲ့တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၃,၉၂၇ ယောက် ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ သေဆုံးသူအသစ် ၈၂ ယောက် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၁,၇၀၂ ယောက်နဲ့ ကူးစက်ခံရသူ စုစုပေါင်းကတော့ ၁၉၇,၂၂၇ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ပဲခူး တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ရန်ကုန်တိုင်းဒေသကြီးက ၉၉၈ ယောက်၊ ဧရာဝတီတိုင်းဒေသကြီးက ၆၅၂ ယောက်၊ ရှမ်းပြည်နယ်က  ၄၀၇ ယောက်စီနဲ့ အစဉ်လိုက် အများဆုံး ကူးစက်ခံထားရပါတယ်။

သေဆုံးသူ ၈၉ ယောက်ထဲမှာတော့ ရန်ကုန်တိုင်းက အယောက် ၄၀ နဲ့ ထက်ဝက် နီးပါး ပါဝင်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Photo- ဘိုစိန် လူမူကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013