DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ၂ ပတ်အတွင်း ကိုဗစ်ကြောင့် လူ ၁၂၀ ကျော်သေဆုံး
DVB
·
July 13, 2021
ပုသိမ်တွင် ၂ ပတ်အတွင်း ကိုဗစ်ကြောင့် လူ ၁၂၀ ကျော်သေဆုံး
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၁၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂ ပတ်အတွင်း သေဆုံးခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ ၁၂၂ ဦးထဲမှာ အသက်ကြီးတဲ့ အရွယ်တွေက ပိုများသလို အောက်ဆီဂျင်ပြတ်ပြီး သေတာပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခုက သေတဲ့လူတွေတော်တော်များများက အောက်ဆီဂျင်ပြတ်လို့ သေရတာများတယ်၊ အသက်ကြီးပိုင်းတွေကူးရင် တော်တော်ကို ဘုရားတနေရတယ်။ အောက်ဆီဂျင်လောက်အောင် မရှာနိုင်ရင် သေဖို့ရာနှုန်းများတယ်” လို့ ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေ သေဆုံးတာက ဆေးရုံမှာ သေဆုံးတာရှိသလို စစ်တပ်ဆေးရုံနဲ့ နေအိမ်တွေမှာ သေဆုံးတာတွေ နေ့စဥ်ရှိနေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာတော့ နေ့စဥ်ဆိုသလို အောက်စီဂျင်ရှာရခက်တဲ့ ပြဿနာတွေရှိနေလို့ ပရဟိတ အသင်းအဖွဲ့တွေနဲ့ ဒေသခံလူငယ်တွေက အောက်ဆီဂျင်ပြဿနာကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနေကြရတယ်လို့ သိရပါတယ်။

၂ ပတ်အတွင်း လူသေဆုံးမှု ၁၂၂ ဦးထိရှိလာတဲ့ ပုသိမ်မြို့ကို ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်နေ့က စတင်ကာ Stay at Home ထုတ်ပြန်ခဲ့သလို စျေးတွေနဲ့ ကျောင်းတွေလည်း ပိတ်ထားခဲ့ပေမယ့် ရောဂါကူးစက်မှု မြင့်တက်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013