DVB Logo
Home
မြန်မာသတင်း
လူမျိုးတုံးသတ်ဖြတ်မှုအစီရင်ခံစာ၌ မြန်မာကို ထည့်သွင်းဖော်ပြ
DVB
·
July 13, 2021
လူမျိုးတုံးသတ်ဖြတ်မှုအစီရင်ခံစာ၌ မြန်မာကို ထည့်သွင်းဖော်ပြ
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဌာနက   ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား၊ အီသီယိုပီးယားနဲ့ တောင်ဆူဒန်နိုင်ငံတို့ ကို ရည်ညွှန်းထည့်သွင်းဖော်ပြထားပါတယ်။ 

သမ္မတဘိုင်ဒင်အစိုးရအဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့  လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ရက်စက်ယုတ်မာမှု ကာကွယ်ခြင်းဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို ကွန်ဂရက်စ်လွှတ်တော်ထံ တင်သွင်းရာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ 

မြန်မာအရေး အပါအဝင် တရုတ်နိုင်ငံ၊ ရှင်းကျန်းဒေသက ဝီဂါမွတ်ဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာအရေး၊ အီရစ်ထရီးယား၊ အီသီယိုပီးယား၊ မြန်မာနဲ့ တောင်ဆူဒန်တို့က ပဋိပက္ခတွေထဲမှာ တရုတ် ပါဝင်ပတ်သက်နေတဲ့ လူမျိုးသန့်စင်ရှင်းလင်းမှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့အစီရင်ခံစာမှာ တရုတ်အစိုးရကို သတိပေးပြောကြားခဲ့ပါတယ်။ 

ပြည်ပက အဲ့ဒီလုပ်ရပ်တွေကို ကာကွယ်ဖို့နဲ့ ရပ်တန့်ဖို့လုပ်ဆောင်နေတဲ့ အဆင့်တွေကို အကြမ်းဖျဉ်းဖော်ပြဖို့လည်း  ဖက်ဒရယ်အစိုးရကို တောင်းဆိုထားပါတယ်။

ဘိုင်ဒင်အစိုးရအဖွဲ့ဟာ ကမ္ဘာတဝန်းရှိ  လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးမှာဖြစ်ပြီး ရက်စက်ယုတ်မာမှုတွေကို ကာကွယ်ပေးတာဟာ  အဓိကအမျိုးသားလုံခြုံရေး အကျိုးစီးပွားနဲ့ အဓိကကိုယ်ကျင့်တရားဆိုင်ရာ တာ၀န်တစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုထားပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အရင်အစိုးရရဲ့ပြောဆိုချက်ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ မှတ်ချက်ပြုပါတယ်။ 

ဝီဂါလူမျိုးတွေအပေါ် တရုတ်ရဲ့လုပ်ရပ်တွေဟာ မျိုးဖြုတ်သုတ်သင်မှုဖြစ်တယ်လို့ အမေရိကန်မှ ဆက်လက်ယုံကြည်ထားတယ်လို့ အစီရင်ခံစာမှာ ဆိုပါတယ်။ 

ဒီတွေ့ရှိချက်ကို ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့က အရင်ဆုံးကြေညာခဲ့ပြီး မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ်  လူမျိုးသန့်စင်ရှင်းလင်းမှုမှာ မြန်မာအစိုးရကို ထည့်သွင်းဖို့ ဆုံးဖြတ်ထားသလိုမျိုးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အထူးအန္တရာယ်ရှိနေတုန်းပဲလို့လည်း  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်တဲ့ အတိုက်အခံတွေကို နှိမ်နင်းတာနဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုအပါအ၀င်  ဖိနှိပ်မှုအားလုံးကို ရပ်တန့်ဖို့ မြန်မာအာဏာသိမ်း စစ်ကောင်စီအဖွဲ့ကိုဆက်လက်ဖိအားပေးဖို့ မဟာမိတ်အဖွဲ့တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့လည်း အမေရိကန်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013