DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် ကိုဗစ်လူနာထားရန် နေရာအခက်ခဲကြောင့် ရောဂါပိုးစစ်ဆေးမှု ရပ်နားထားရ
DVB
·
July 13, 2021
မိုးကုတ်တွင် ကိုဗစ်လူနာထားရန် နေရာအခက်ခဲကြောင့် ရောဂါပိုးစစ်ဆေးမှု ရပ်နားထားရ
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၆၀ နီးပါးရှိလာပြီး အတည်ပြုလူနာတွေကို ထားရှိဖို့ စင်တာနေရာအခက်ခဲရှိတာကြောင့် လူနာတွေကို စစ်ဆေးတာ ရပ်နားထားရတယ်လို့ မိုးကုတ်ကိုဗစ်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဆီက သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် မိုးကုတ်မြို့မှာ ဇူလိုင် ၁၂ ရက်နေ့က ၅ ဦး သေဆုံးခဲ့ပြီး တစ်လအတွင်း သေဆုံးသူ ၁၀ ဦးကျော်ထိရှိလာပြီလို့ ဆိုပါတယ်။ 

မိုးကုတ်မြို့က ကိုဗစ်-၁၉ အတည်ပြုလူနာတွေအား မိုးကုတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားပြီး လူနာတွေကို စံတော်ဝင် ကွာရန်တင်းစင်တာမှာ RDT နဲ့ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ပိုးတွေ့လူနာများလာတာကြောင့် ​မိုးကုတ်မြို့က ရပ်ကွက်အချို့ကို semi lockdwon ချထားပြီး မြို့အဝင်အထွက် ကိုဗစ်စစ်ဆေးရေးဂိတ်တွေ ထားရှိစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေ လိုအပ်နေပြီး ဆေးဝါးတွေကိုလည်း ဆေးရုံကနေ တတ်နိုင်သလောက် ကြိုးစားဖြည့်ပေးနေရတယ်လို့ မိုးကုတ်ကိုဗစ် ကော်မတီက တာဝန်ရှိသူက ပြောပါတယ်။ 

“ဆေးရုံဝန်ထမ်းတွေက လိုအပ်လာတယ်။ လူနာက များလာပြီး ဆေးရုံဝန်ထမ်းက နည်းလာတယ်။ အရင်က ဆေးရုံမှာ ဝန်ထမ်း ၃၀ ကျော်ရှိတာ ခုက ဆရာမကြီးနဲ့ သူနာပြုတွေကောမှ ၁၁ ယောက်လောက်ပဲရှိတော့တယ်။”

လူနာတွေအတွက် ချက်ပြုတ်ပေးဖို့ ဝန်ထမ်းအင်အား လိုတာကြောင့် လူနာတွေအတွက် အိမ်ကနေပဲ ပို့ဆောင်ပေးနေတယ်လို့ ပြောပါတယ်။ စံတော်ဝင် ကွာရန်တင်းစင်တာမှာတော့ ကိုဗစ်လူနာတွေကို အလှူရှင်တွေက လှူပေးပြီး ရှိတဲ့အားနဲ့ ချက်ပြုတ်ကျွေးနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်အတည်ပြုလူနာ များလာတာကြောင့် အောက်ဆီဂျင်လိုအပ်နေပြီး လူမှုကူညီရေးအသင်းတွေ ပူးပေါင်းရှာဖွေကူညီနေတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၃ ရက်နေ့မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးဆေးရုံက ဆင်းခွင့်ရပြီး နေအိမ်မှာ Stay Home နေခိုင်းထားတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013