DVB Logo
Home
မြန်မာသတင်း
ကိုဗစ် ကူးစက်မှုများလာသည့် မူဆယ်တွင် ကျန်းမာရေးဝန်ထမ်း မလုံမလောက်ဖြစ်နေ
DVB
·
July 13, 2021
ကိုဗစ် ကူးစက်မှုများလာသည့် မူဆယ်တွင် ကျန်းမာရေးဝန်ထမ်း မလုံမလောက်ဖြစ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုမှာ ကိုဗစ်အတည်ပြုလူနာတွေ တဖြည်းဖြည်း များလာနေတာကြောင့် ဆရာဝန်၊ သူနာပြု အင်အားနဲ့ အောက်ဆီဂျင်ဘူးတွေ လိုအပ်နေတယ်လို့ မူဆယ် ကိုဗစ်ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“မူဆယ်ဆေးရုံမှာ ဆရာ ဆရာမ အင်အားမလောက်ဘူး။ ၃ ယောက် ၄ ယောက်လောက်ပဲ ရှိတာ။ ဆေးရုံ ၂ ခု လုံးကို ခွဲထားရတာ။ ဆေးရုံသစ်ကြီးမှာဆိုလို့ရှိရင် သွားဆရာဝန်ပေါ့နော်။ သူက ပြည်သူ့ကျန်းမာရေးဌာနကပေါ့။ အဲ ဆရာတစ်ယောက်ပါ ဝင်ထိုင်နေရတယ်။ ကျန်တဲ့ နာ့စ်မ၊ အထက်တန်းသူနာပြုတွေပဲ ရှိတယ်။”

မူဆယ် ပြည်သူ့ဆေးရုံဟောင်းနဲ့ ခုတင် ၂၀၀ ဆံ့ ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီး ၂ ရုံလုံးမှာ အကူတွေအပါအဝင် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၈ ဦးနဲ့သာ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေရတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လောလောဆယ်  အောက်ဆီဂျင် ပြတ်လပ်မှု မရှိသေးပေမယ့် အောက်ဆီဂျင်ဘူးကြီးတွေ လိုအပ်နေတယ်လို့ ကိုဗစ် ကာကွယ် ထိန်းချုပ်ကုသရေးမှာပါဝင်သူ တစ်ဦးက ရှင်းပြပါတယ်။

“အောက်ဆီဂျင်အိုကြီးတွေ လိုအပ်တယ်။ အနည်းဆုံးအိုးကြီး အလုံး ၂၀ ကနေ အလုံး ၄၀ လောက်ထိ လိုအပ်တယ်။ ငါတို့ဆီမှာ ဆေးရုံ ၂ ရုံပေါင်းမှ အလုံး ၄၀ လောက် ရှိတာ။ လူနာတစ်ယောက်ကို တကယ်ပေးရမယ်ဆိုရင် ၂၄ နာရီ တစ်ရက်ကို အနည်းဆုံး အောက်ဆီဂျင် ၆ လုံးလောက် ကုန်တယ်။”

ဆေးရုံအဟောင်းက Oxygen Plant က လည်နိုင်တဲ့အတွက် ဆေးရုံအဟောင်းကနေ အောက်ဆီဂျင်အိုးတွေကို ပြန်လည်ဖြည့်သွင်းပြီး ခရိုင်ဆေးရုံသစ်ကို ပို့ပေးနေရကာ မြို့ပေါ်တွေမှာလည်း တချို့ ပရဟိတအသင်းတွေက အောက်ဆီဂျင်ဘူးတွေ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

မူဆယ်မှာ ဇူလိုင် ၁၂ ရက်က အကျဉ်းသား (အချုပ်သား) တစ်ဦးအပါအဝင် ပိုးတွေ့ လူနာသစ် ၅၁ ဦးထပ်တိုးလာပြီး ၂ ဦး သေဆုံးတယ်လို့ မူဆယ်ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ ဆေးရုံက ပြန်ဆင်းလာသူ ဈေးရပ်ကွက်က အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းက သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးကတော့ မူဆယ် ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသူ အသက် ၆၀ ခန့် အမျိုးသားဖြစ်တယ်လို့ သိရပါတယ်။

မူဆယ်မှာ ဇွန်လ ၂၂ ရက်ကနေ ဇူလိုင် ၁၂ ရက်နေ့အထိ ပိုးတွေ့လူနာ ၄၀၀ ကျော်ထိ ရှိလာကာ ဆေးရုံဆင်းသူ ၁၅၀ ကျော်နဲ့ သေဆုံးသူ ၇ ဦးရှိပါတယ်။

Pra Jaw ၊ Photo : မူဆယ် လူမှုကူညီရေးအသင်းများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013