DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုက ပစ်သတ်ခဲ့သည့် CDM ရဲတပ်သားတဦးအပါအဝင် ကျဆုံးပြည်သူ ၉၀၂ ဦးရှိလာ
DVB
·
July 13, 2021
စစ်အုပ်စုက ပစ်သတ်ခဲ့သည့် CDM ရဲတပ်သားတဦးအပါအဝင် ကျဆုံးပြည်သူ ၉၀၂ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လခွဲနီးပါးအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၀၂ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါ တယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၁၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၆၄၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၂၀၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၄၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအ ဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၈ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ စစ် ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ယင်းကျေးရွာဒေသခံတယောက်ဖြစ်သူ ဦးလှပိုဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရတာကြောင့် နောက် တရက်မှာပဲ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်က ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာမှာ CDM ပြုလုပ်နေတဲ့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုက ရဲတပ်သား ခန့်ကိုကိုမောင်ကို ဇူလိုင် ၁၀ ရက်နေ့ ညနေမှာ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ကျောကုန်းမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး နေရာတင် ကျဆုံးသွားခဲ့တယ်လို့ သိရပါ တယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်မှာတော့ ဇူလိုင် ၁၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါအတွက် အောက်ဆီဂျင် လိုက်ရှာနေတဲ့ အရပ်သားတယောက်ဖြစ်သူ ကိုဖိုးဆယ်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့ပြီး ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတာကြောင့် အဲဒီနေ့မှာပဲ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013