DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်၌ ကိုဗစ်-၁၉ ကူးစက်ခံရသူရော သေဆုံးသူပါ ထပ်တိုးလာ
DVB
·
July 12, 2021
ပြင်ဦးလွင်၌ ကိုဗစ်-၁၉ ကူးစက်ခံရသူရော သေဆုံးသူပါ ထပ်တိုးလာ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ဇူလိုင် ၉ ရက်ည ၈ နာရီမှ ဇူလိုင် ၁၀ ရက် ည ၈ နာရီအတွင်း    ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၃၇ ဦး၊ သေဆုံးသူ  ၂ ဦးရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက  မနေ့ညက ထုတ်ပြန်ပါတယ်။  

မြို့ခံပရဟိတအသင်းရဲ့ အချက်အလက်အရတော့  ဇူလိုင် ၁ ရက် မှ ၁၀ ရက်အထိ  ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ  ၂၈၄  ဦး ရှိပြီး သေဆုံးသူ  ၁၃ ဦး ရှိတယ်လို့ သိရပါတယ်။ 

ဇူလိုင်လ ပထမပတ် ၁၀ ရက်အတွင်း ပြင်ဦးလွင် ခုတင် (၃၀၀) ဆေးရုံ Isolation Ward မှ ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၃၃ ဦး ရှိပါတယ်။ 

ဇူလိုင် ၁ ရက်မှ ၁၀ ရက်အထိ ကိုဗစ်ရောဂါနဲ့ သေဆုံးသူတွေကတော့  အသက် ၂၅ နှစ်မှ ၈၁ နှစ်အရွယ်တွေဖြစ်ပြီး  သေဆုံးသူ အများစုမှာ အသက် ၄၆ နှစ်အထက် အရွယ်လူကြီးတွေ ဖြစ်ပါတယ်။

ဇူလိုင် ၁၁ ရက် ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၄ ဦး  သေဆုံးခဲ့ရာ ပြင်ဦးလွင်နာရေးကူညီရေးအသင်းက ၈ မိုင်သုသာန်သို့  ကူညီပို့ဆောင်သင်္ဂြိုဟ်ခဲ့ပါတယ်။  ဖော်ပြထားတဲ့ သေဆုံးသူအရေအတွက်ဟာ  မြို့ခံပရဟိတအသင်းတစ်ချို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အချက်အလက်တွေသာ ဖြစ်ပြီး  စာရင်းမသိရှိရဘဲ ကိုဗစ်ကြောင့်သေဆုံးသူတွေလည်း  ရှိနိုင်ပါတယ်။ 

ရပ်ကွက်အတွင်း အပြင်ဆေးခန်းပြပြီး ကြိတ်ကုနေတာတွေရှိနေပြီး ကိုဗစ်ရောဂါ သံသယနဲ့ သေဆုံးသူတွေလည်း  များစွာ ရှိနေပါတယ်။ 

မန္တလေးတိုင်းတစ်ခုလုံးမှာတော့  ဇူလိုင် ၉ ရက်ည ၈ နာရီမှ ဇူလိုင် ၁၀ ရက် ည ၈ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ  ၁၇၅ ဦးနဲ့ သေဆုံးသူ ၁၂ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။  

Photo - ပြင်ဦးလွင်နာရေးကူညီရေးအသင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013