DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၃၀၂ ဦးတွေ့ရှိ၊ ၅ ဦး ထပ်မံသေဆုံး
DVB
·
July 12, 2021
မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၃၀၂ ဦးတွေ့ရှိ၊ ၅ ဦး ထပ်မံသေဆုံး
Donate to DVB

မွန်ပြည်နယ်မှာ ဇူလိုင် ၁၁ ရက်နေ့ တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃၀၂ ဦး တွေ့ရှိခဲ့ပြီး ၅ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ရောဂါပိုးတွေ့ရှိမှုအရ သံဖြူဇရပ် ၈၈ ဦး၊ မော်လမြိုင် ၄၂ ဦး၊ ကျိုက်ထို ၃၂ ဦး၊ ကျိုက်မရော ၂၈ ဦး၊ သထုံ ၂၇ ဦး၊ ချောင်းဆုံ ၂၆ ဦး၊ မုဒုံ ၂၂ ဦး၊ ပေါင် ၁၉ ဦး၊ ဘီးလင်း ၁၂ ဦး၊ ရေးမြို့နယ် ၆ ဦး၊ စုစုပေါင်း ၃၀၂ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံလိုက်ရတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းရောဂါပိုး တွေ့ရှိမှုအရ မြို့နယ် ၁၀ မြို့နယ်စလုံးမှာ ၇ ရက်ဆက်တိုက် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

သေဆုံးမှုအနေနဲ့ မော်လမြိုင်က ၂ ဦးနဲ့ သထုံမြို့နယ် ၃ ဦး၊ စုစုပေါင်း ၅ ဦး ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ အောက်စီဂျင် အချိန်မီမရလို့ သေဆုံးခဲ့တာ လို့ ကိုဗစ်အရေးကူညီနေသူ တစ်ဦးက DVB ကို ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၂၆၀၀ ကျော်ထိ ရှိလာပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၈၀ ကျော် သေဆုံးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013