DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ၉ နှစ်အရွယ် ကလေးအပါအဝင် ၄၉ ဦး ပိုးတွေ့၊ ၂ ဦးသေဆုံး
DVB
·
July 12, 2021
မူဆယ်တွင် ၉ နှစ်အရွယ် ကလေးအပါအဝင် ၄၉ ဦး ပိုးတွေ့၊ ၂ ဦးသေဆုံး
1 / 3
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင် ၁၀ ရက်က ၉ နှစ်အရွယ် ကလေးအပါအဝင် ကိုစေ်-၁၉ အတည်ပြုလူနာ ၄၉ ဦးတွေ့ရှိပြီး ၂ ဦး သေဆုံးတယ်လို့ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီနဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

မူဆယ်ဆေးရုံမှာ ၉ နှစ်အရွယ် ကလေးအပါအဝင် ၁၈ ဦး၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ  အမျိုးသား ၂၀ နဲ့ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၃၁ ဦး ရှိပြီး ပိုးတွေ့ အတည်ပြုလူနာ အားလုံးပေါင်း ၄၉ ဦး ရှိတယ်လို့ မူဆယ် ကိုဗစ် ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

အကောက်ခွန်မိသားစု၊ ဈေးရောင်းသူ၊ ယာဉ်မောင်း၊ Wifi တပ်ဆင်သူနဲ့ ကုန်သွယ်ရေးဇုန်က အငယ်တန်းအကောက်ခွန် ဝန်ထမ်း၊ Agents, ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ကုန်တင်ကုန်ချ၊ အလုပ်သမား၊ ပိုးတွေ့လူနာနဲ့ ထိစပ်သူ၊ သီလရှင်ကျောင်းအုပ်တွေ ပါတယ်လို့ ပြောပါတယ်။

မူဆယ်မြို့တွင်း မြို့နယ်ရုံး၊ ၄၅ ကုန်း၊ ဟိုမွန်၊ ဟိုနား၊ တောင်ရပ်ကွက်၊ ကောင်းမှုတုံ ဆင်ဖြူဝင်း၊ နမ့်ခွမ်ရွာ၊ ၁၀၅မိုင် Export ကွင်း၊ ယာဉ်ယနှတယားကွင်း၊ ဂိုဒေါင်၊ ရွာမ စတဲ့ နေရာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ အမျိုးသား တစ်ဦး ဇူလိုင် ၁၁ ရက် နေ့လယ်ပိုင်းက သေဆုံးသွားပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ ကိုဗစ်‌ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူနေသူ မူဆယ် ဟိုမွန်ရပ်ကွက်က အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးလည်း ဇူလိုင် ၁၁ ရက်က သေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

မူဆယ်မှာ ဇွန် ၂၂ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၆ ဦး ရှိပြီး ကွတ်ခိုင်မှာတော့ ပထမဆုံး ပိုးတွေ့ သေဆုံးသူ တစ်ဦးဖြစ်တယ် လို့ ဆိုပါတယ်။

မူဆယ်မှာ သတ်မှတ်ရက် ပြည့်သွားတဲ့ ကိုဗစ် ပိုးတွေ့လူနာ ၁၄ ဦးနဲ့ သတ်မှတ်ရက် မပြည့်သေးတဲ့ ပိုးတွေ့လူနာ ၅၉ ဦးကို ဇူလိုင် ၁၁ ရက်က ဆေးရုံတာဝန်ရှိသူတွေက ဆေးရုံ ဆင်းခွင့်ပြုခဲ့တယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

မူဆယ်မြို့နယ်မှာ ဇွန်လ ၂၂ ရက်ကနေ ဇူလိုင် ၁၁ ရက်အထိ ပိုးတွေ့လူနာ ၄၀၀ ကျော်ပြီ ဖြစ်ပြီး ဆေးရုံဆင်းသူ ၇၇ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်ပါတယ်။

Pra Jaw ၊ Photo: Muse COT, VOK

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013