DVB Logo
Home
မြန်မာသတင်း
Stay at Home မြို့တို့မှ ပေါင်းတည်ပြန်လာသူများ ကိုဗစ်ပိုးတွေ့လျှင် ကိုယ့်စရိတ်ဖြင့်ကိုယ် ဆေးကုရမည်
DVB
·
July 11, 2021
Stay at Home မြို့တို့မှ ပေါင်းတည်ပြန်လာသူများ ကိုဗစ်ပိုးတွေ့လျှင် ကိုယ့်စရိတ်ဖြင့်ကိုယ် ဆေးကုရမည်
1 / 3
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ထဲကို Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ဝင်ရောက်လာသူတွေအနေနဲ့ ကွာရန်တင်း ၁၀ ရက်ဝင်ရောက်ရမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ ကိုယ့်စရိတ်နဲ့ကိုယ် ကုသရမယ်လို့ သိရပါတယ်။

ဒေသခံပရဟိတအဖွဲ့ဝင်တဦးက “Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက ပြန်လာတဲ့သူတိုင်း ကွာရန်တင်း ၁၀ ရက်ဝင်ရမှာဖြစ်ပါတယ်။ စရိတ်ကို ကော်မတီက ကျခံပါ့မယ်။ ပေါ့စတစ်သမားတွေကတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပါပဲ၊ ခိုးဝင်လာတယ်လို့ သတင်းရရင်တော့ အရေးယူခံရမယ်” လို့ ပြောပါတယ်။

ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၈ ဦး၊ ဆေးရုံကဆင်းသူ ၁၄ ဦးရှိပြီး သံသယလူနာတွေကတော့ ထပ်တိုးနေဆဲဖြစ်တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

လက်ရှိ ကိုဗစ်လူနာတွေကို မြို့နယ်ဆေးရုံမှာ ကုသပေးနေပြီး ဆေးဝါးတွေနဲ့ ကိုဗစ်-၁၉ စစ်တဲ့ test kit လည်း မလုံလောက်တော့ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013