DVB Logo
Home
မြန်မာသတင်း
ကသာတိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၈၀ ထက်မနည်း သေဆုံးဟု PDF ထုတ်ပြန်
DVB
·
July 11, 2021
ကသာတိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၈၀ ထက်မနည်း သေဆုံးဟု PDF ထုတ်ပြန်
Donate to DVB

ကသာမြို့က တိုက်ပွဲတွေမှာ ၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၈၀ ထက်မနည်း သေဆုံးတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ထုတ်ပြန်ပါတယ်။

KIA တပ်မဟာ ၈၊ တပ်ရင်း ၅ ရဲ့ ဦးဆောင်မှုနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF အဖွဲ့ရဲ့ ယာယီစခန်းကို ထိုးစစ်ဆင်လာတဲ့ တပ်မ ၈၈၊ တပ်ရင်း ၃၀၄ နဲ့ ၃၀၉ တို့ကို ခုခံခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၅ ရက် ညပိုင်းက စစ်ကောင်စီတပ်သားတွေဟာ မိုင်း ၂ လုံး နင်းမိပြီး ယောက်ထက်မနည်း သေဆုံးခဲ့သလို ၆ ရက်နေ့ မနက်မှာတော့ ကောက်ကွေ့ချောင်းထဲကနေ စက်လှေ ၃ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ ၂ စီး နစ်မြုပ်ပြီး ၆၀ ထက် မနည်း သေဆုံးတယ် လို့ ဆိုပါတယ်။

ဇူလိုင် ၇ ရက်ညပိုင်းက ဗျူဟာမှူးဦးဆောင်ပြီး တက်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုင်း ၄ လုံးကို နင်းမိပြီး ဗျူဟာမှူးအပါအဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၉ ရက်ကတော့ မြို့လှရွာကို လေကြောင်းပစ်ကူ၊ ခြေလျင်ကိုးစစ်တို့နဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံး၊ ၇၀ ထက်မနည်း ဒဏ်ရာရပြီး PDF ကတော့ ၃ ယောက် ကျဆုံး၊ ၃ ယောက် အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

အဲဒီညပိုင်းမှာပဲ ကသာ ၃ဝ၉ တပ်ရင်းကနေ မြို့လူကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ သူတို့ဘက်က သေဆုံးသူတွေကို မြေမြှုပ်နေပြီး ဒဏ်ရာရသူတွေကိုတော့ ရေကြောင်းကနေ သယ်နေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013