စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းတို့က ကျေးရွာပေါင်းစုံ စုပေါင်းပြီး ဇူလိုင် ၁၀ ရက်နေ့က ၁၂၂ ရက်မြောက် ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြရာမှာ ပူးပေါင်းပါဝင်လာတဲ့ ပြည်သူတွေကို Mask တွေ၊ ဆေးဝါးတွေနဲ့ အိမ်ထောင်စုအဆင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း လက်ကမ်းစာစောင်တွေကို မျှဝေပေးခဲ့ပါတယ်။
ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်တာတွေရှိနေပေမဲ့ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ရက်ပျက်မရှိ နေ့စဥ်ပြုလုပ်ကာ ဆန္ဒပြအင်အားလည်း ကောင်းနေဆဲ ဖြစ်ပါတယ်။