DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃၇၀ ကျော်တွေ့ရှိ၊ ၆ ဦးသေဆုံး
DVB
·
July 10, 2021
ဧရာဝတီတိုင်းတွင် တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃၇၀ ကျော်တွေ့ရှိ၊ ၆ ဦးသေဆုံး
1 / 2
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ ဇူလိုင် ၉ ရက်နေ့ ၁ ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၄ ဦး ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဧရာဝတီတိုင်းအတွင်း ကိုဗစ်ထပ်တိုးအတည်ပြုလူနာ ၃၇၄ ဦးထဲမှာ ပုသိမ်မြို့မှာ ၁၀၆ ဦး၊ ဟင်္သာတမြို့မှာ ၃၅ ဦးနဲ့ ဒေးဒရဲမြို့မှာ ၃၃ ဦး အများဆုံးမြို့တွေအဖြစ် ပါဝင်နေတာပါ။

ကျန်တဲ့မြို့နယ်တွေက ကြံခင်းမှာ ၂၆ ဦး၊ မအူပင်နဲ့ ပန်းတနော်မှာ အယောက် ၂၀ စီ၊ အိမ်မဲမှာ ၁၈ ဦး၊ ကန်ကြီးထောင့်မှာ ၁၃ ဦး၊ ညောင်တုန်းနဲ့ ဇလွန်မှာ ၁၂ ဦးစီ၊ ကျုံပျော်မှာ ၁၁ ဦး၊ လေးမျက်နှာမှာ ၁၀ ဦး၊ မော်ကျွန်းမှာ ၉ ဦး၊ မြန်အောင်မှာ ၈ ဦး၊ အင်္ဂပူမှာ ၇ ဦး၊ ကျိုက်လတ်မှာ ၆ ဦး၊ ဖျာပုံနဲ့ ကျောင်းကုန်းမှာ ၄ ဦးစီ၊ ရေကြည်၊ ဝါးခယ်မနဲ့ သာပေါင်းမှာ ၂ ဦးစီနဲ့ မြောင်းမြနဲ့ ငပုတောမှာ ၁ ဦးစီတွေ့ရှိခဲ့တာပါ။

ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးလူနာထပ်တိုးတဲ့ မြို့နယ်တွေကတော့ ပုသိမ်၊ မအူပင်၊ မော်ကျွန်း၊ မြန်အောင်၊ ကျိုက်လတ်နဲ့ ရေကြည်မြို့နယ်တွေမှာ ၁ ဦးစီသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရောဂါကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ မြောင်းမြနဲ့ သာပေါင်းမြို့နယ်တွေကို Stay at Home မြို့တွေအဖြစ် အာဏာသိမ်းစစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။

Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေနဲ့ စျေးတွေကိုတော့ ယာယီပိတ်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013