DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ပြည်သူများ နေအိမ်အပြင်ထွက်ကတ်မပါလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီ ကြေညာ
DVB
·
July 10, 2021
မော်လမြိုင်ပြည်သူများ နေအိမ်အပြင်ထွက်ကတ်မပါလျှင် အရေးယူခံရမည်ဟု စစ်ကောင်စီ ကြေညာ
Donate to DVB

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ နေအိမ်အပြင်ထွက်ခွင့် ကတ်မပါဘဲ အပြင်ထွက်ပါက ဥပဒေနဲ့ အရေးယူသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဇူလိုင် ၉ ရက်နေ့ ညပိုင်းမှာ လိုက်လံကြေညာခဲ့ပါတယ်။

မော်လမြိုင်မြို့ကို နေအိမ်အတွင်းနေထိုင်ဖို့ Stay at Home သတ်မှတ်ကြေညာပြီးနောက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ်အပြင်ထွက်ကတ်တွေ လုပ်ပေးနေတာပါ။

နေအိမ်အပြင်ကို လူတစ်ဦးသာ ထွက်ခွင့်ရှိမှာဖြစ်ပြီး နေအိမ်အပြင်ထွက်သူကို စစ်ကောင်စီက စစ်ဆေးပါက ခိုင်လုံတဲ့ အကြောင်းပြချက်ပေးနိုင်ရမယ်လို့ ဆိုပါတယ်။

နေအိမ်အပြင်ထွက်ကတ် လုပ်ပေးရာမှာ တစ်ကတ်ကို ကျပ် ၅၀၀ ကနေ ၁၀၀၀ ထိ တောင်းရမ်းကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

နေအိမ်အပြင်ထွက်ခွင့်ကတ်ဟာ နေ့စဉ် ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း အကြုံးမဝင်ဘူးလို့ ကြေညာထားပါတယ်။

ဒါ့အပြင် မော်လမြိုင်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ဆက်တိုက် မြင့်တက်နေတဲ့အတွက်ကြောင့် လူ ၅ ဦးထက် ပိုစုပါက ဘေးစီမံဥပဒေနဲ့ အရေးယူမယ်လို့လည်း စစ်ကောင်စီဘက်က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013