DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအစိုးရ မတက်မချင်း မီးရထားဝန်ထမ်းများ CDM ဆက်လုပ်သွားမည်
DVB
·
July 10, 2021
ဒီမိုကရေစီအစိုးရ မတက်မချင်း မီးရထားဝန်ထမ်းများ CDM ဆက်လုပ်သွားမည်
1 / 3
Donate to DVB

စားဝတ်နေရေး အပါအဝင် ဘဝရပ်တည်ဖို့ အခက်အခဲ ရှိလာပေမယ့် ဒီမိုကရေစီ အစိုးရ မတက်မချင်း အာဏာဖီဆန် CDM ဆက်လုပ်သွားမယ်လို့ မော်လမြိုင်က CDM မီးရထားဝန်ထမ်းတွေက ပြောပါတယ်။

မီးရထား ဝန်ထမ်းတွေဟာ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဌာနဆိုင်ရာတွေထဲမှာ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းနည်းတူ ရှေ့ဆုံးက လှုပ်ရှားခဲ့တဲ့ သူတွေ ဖြစ်ပါတယ်။

မော်လမြိုင်က မီးရထား ဝန်ထမ်းတွေဟာလည်း  ပြီးခဲ့တဲ့ ကာလတွေတုန်းက အာဏာသိမ်း စစ်ကောင်စီကို နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

အခုအခါ CDM မီရထား ဝန်ထမ်းတွေဟာ လစာမရတာ ၅ လ နီးပါး ရှိလာပြီးဖြစ်လို့ မိသားစု စားဝတ်နေရေးနဲ့ ဘဝရပ်တည်နေထိုင်ဖို့ အခက်အခဲမျိုးစုံ ရင်ဆိုင်နေတယ်လို့ မော်လမြိုင်က CDM မီးရထားဝန်ထမ်း တစ်ဦးက ပြောပါတယ်။

မော်လမြိုင်က မီးရထား ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ မတ်လကုန်ထိ ပြည်သူတွေနဲ့ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေရခဲ့ကြပေမယ့် အခုအခါမှာတော့ ထောက်ပံ့ကူညီမှု မရတော့တာပါ။ 

လက်ရှိမှာတော့ CDM လုပ်ဆောင်ထားတဲ့ မော်လမြိုင်က မီးရထား ဝန်ထမ်း ၆၀ ရာခိုင်နှုန်းကို အာဏာသိမ်း စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းထားပါတယ်။

တဖက်မှာလည်း  CDM မီးရထားဝန်ထမ်းတွေဟာ တာဝန်မှ ယာယီရပ်ဆိုင်းခံရပြီးနောက် နေအိမ်လိုင်းခန်းတွေကနေ ရွှေ့ပြောင်းပေးခဲ့ကြရတာပါ။

ဒါကြောင့် အရေးတော်ပုံ အောင်မြင်တဲ့အထိ CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေ တရပ်လုံး အာဏာသိမ်း စစ်ကောင်စီကို ဆက်လက်တော်လှန်ပေးကြဖို့ CDM မီးရထား ဝန်ထမ်းတွေက တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013