DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း Stay at Home မြို့နယ်များ၌ အပြင်ထွက်ကတ်ဖြင့် ထွက်ခွင့်ပြုရန် စီစဉ်
DVB
·
July 9, 2021
ဧရာဝတီတိုင်း Stay at Home မြို့နယ်များ၌ အပြင်ထွက်ကတ်ဖြင့် ထွက်ခွင့်ပြုရန် စီစဉ်
1 / 6
Donate to DVB

ဧရာဝတီတိုင်းက မြောင်းမြ၊ ပုသိမ်နဲ့ သာပေါင်းမြို့တွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာပြီးနောက်ပိုင်း ဇူလို  ၃ ရက်ကတည်း  စတင်ကာ ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Saty at Home အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းနဲ့ အတည်ပြုလူနာသေဆုံးမှုတွေ ဆက်လက်မြင့်တက်နေတာကြောင့် အပြင်ထွက်ခွင့် ကတ်ပြားတွေ ပြုလုပ်ဖို့စီစဥ်တာလို့  စစ်ကောင်စီခန့်  ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

"ဒီလို Stay at Home ကြေညာ ထားပေမယ့် အရင်ကလို လူတွေက အပြင်ထွက်တာ လျော့ ကြမသွားဘူး။ အပြင်မှာ ပုံမှန်သွားလာနေကြတယ်။ အပြင်မှာထွက်တဲ့လူတွေကို လျော့စေချင်လို့ ခုလို ကတ်နဲ့ သွားလာခွင့်ပေးဖို့ စီစဥ်နေတာ''လို့ ပြောပါတယ်။

အပြင်ထွက်ခွင့်ကတ်တွေကို  အန်အယ်လ်ဒီ အစိုးကလက်ထက်ကအတိုင်း အိမ်ထောင်စု ၁ စုကို  တစ်ကတ်ပေးမှာဖြစ်ပြီး  ဝန်ထမ်းတွေအတွက်နဲ့ စျေးဝယ်ကတ်တွေကိုတော့ သီးသန့်ပြုလုပ်ပေးသွားမယ်လို့  ဆိုပါတယ်။

အပြင်မှာ ပုံမှန်အတိုင်း သွားလာနေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့နဲ့ Mask မပါဘဲသွားလာသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့နယ်အလိုက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့ပြီး လုပ်ဆောင်သွား ဖို့ရှိတယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီ အစိုးကလက်ထက်က Stay at Home သတ်မှတ်ခဲ့တဲ့ မြို့နယ်တွေက ပြည်သူတွေကို Mask နဲ့ အပြင်ထွက်ကတ်မပါရင်  ဒဏ်ရိုက်တာရှိပေမဲ့  ရလာတဲ့ ဒဏ်ကြေးငွေတွေနဲ့ Mask ဝေပေးတာတွေပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013