DVB Logo
Home
မြန်မာသတင်း
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်ဆိုင်း
DVB
·
July 9, 2021
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်ဆိုင်း
Donate to DVB

မြန်မာ-တရုတ်ကုန်သွယ်ရေးမှာ တစ်ခုတည်းကျန်ရှိနေတဲ့ ကျင့်စန်းကျော့-ဝမ်တိန်ဂိတ်  နယ်စပ်ကုန်သွယ်ရေးဂိတ်ကို  တရုတ်နိုင်ငံဘက်က ဇူလိုင် ၈ ရက် နေ့လယ်ပိုင်းမှာ ထပ်မံပိတ်လိုက်တဲ့အတွက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လုံးဝရပ်ဆိုင်းသွားပြီဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်မူဆယ်ဒေသမှာ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု များလာတဲ့အကြောင်းပြချက်နဲ့ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေးဂိတ် ၅ ခုထဲက ကျင့်စန်းကျော့-ဝမ်တိန်ဂိတ်တစ်ခုကိုပဲ အရင်ကဖွင့်ပေးထားပြီး ကျန်ဂိတ်အားလုံးကို ပြီးခဲ့တဲ့ ဧပြီလကတည်းက တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဇူလိုင် ၈ ရက်နေ့မှာတော့ ကျင့်စန်းကျော့-ဝမ်တိန်ဂိတ်ကိုပါ တရုတ်နိုင်ငံဘက်က  အရေးပေါ်အခြေအနေ သတ်မှတ်ပြီး ရက်အကန့်အသတ် မရှိ ပိတ်လိုက်တာလို့ သိရပါတယ်။

ဒါကြောင့် ဒီကုန်သွယ်ရေးဂိတ်ကိုသွားတဲ့လမ်းမှာ တရုတ်နိုင်ငံကိုဝင်မယ့် မြန်မာ့ပို့ကုန်ကားတွေ ထောင် နဲ့ ချီပိတ်မိနေပါတယ်။ 

မြန်မာနိုင်ငံရဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အခုလို နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေ အားလုံးကို ပိတ်လိုက်ခြင်းက မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန် တင်ပို့မူကို အကြီးအကျယ်ထိခိုက်စေပါတယ်။

အခုလက်ရှိဘဏ္ဍာနှစ်မှာလည်း မြန်မာနိုင်ငံ နဲ့တရုတ်နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေနဲ့ ယှဉ်ရင် ဒေါ်လာ သန်းရာချီ လျော့ကျနေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၀,၀၅၅ ယောက်နဲ့ သေဆုံးသူ ၃၆၂၁ ယောက် ရှိလာပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013