DVB Logo
Home
မြန်မာသတင်း
တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံရှိလုပ်ငန်းများကို ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချ
DVB
·
July 8, 2021
တယ်လီနောကုမ္ပဏီက မြန်မာနိုင်ငံရှိလုပ်ငန်းများကို ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချ
Donate to DVB

နော်ဝေဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့လုပ်ငန်းတွေကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ဆီကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီလို့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

တယ်လီနောဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေမှုနဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ မြန်မာပြည်သူတွေအတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတို့အပေါ် မူတည်ပြီး အနာဂတ်မှာရှိနေမယ်လို့ မေလ ၄ ရက်က အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာ တယ်လီနောအနေနဲ့ ပုံမှန်အရောင်းအ၀ယ်လုပ်ငန်းစဉ်ကိုပြုလုပ်ဖို့ မဖြစ်နိုင်တာကြောင့် အခြေအနေ ပိုမိုဆိုးရွားလာခြင်းနဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော ဖြစ်ပေါ်တိုးတက်မှုတွေက ကုမ္ပဏီကို ပြန်လည်ရုပ်သိမ်းဖို့  ဆုံးဖြတ်ချက်အတွက် အခြေခံဖြစ်တယ်လို့ တယ်လီနောရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တယ်လီနောအုပ်စုဟာ မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဖုန်းတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို M1 Group သို့ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး အဲဒီထဲက ၅၅ သန်းဟာ ၅ နှစ်အတွင်း ပေးသွင်းရမယ့်ကြွေးမြီပုံစံ ပေးချေမှုဖြစ်တယ်လို့လည်းဆိုပါတယ်။ 

M1 Group ဟာ တယ်လီနောမြန်မာရှိ အစုရှယ်ယာအားလုံးကို ရယူပြီး လက်ရှိလုပ်ငန်းလည်ပတ်မှုကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုအပြီးမှာ မိုဘိုင်းလ်လုပ်ငန်းကို အကြီးအကျယ်ကန့်သတ်ချုပ်ချယ်ခံရပြီးနောက် တယ်လီနောဟာ မေလအတွင်းမှာ သူ့ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းရဲ့တန်ဖိုးကို ပယ်ဖျက်ပစ်လိုက်ပြီး ဒေါ်လာ ၇၅၂ သန်း ဆုံးရှုံးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ လွန်ခဲ့တဲ့လတွေအတွင်းက လူတွေရဲ့လုံခြုံရေး၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုက်နာကျင့်သုံးမှု အကြောင်းရင်းတွေမှာ တယ်လီနောအတွက် စိန်ခေါ်မှု ပိုများလာတယ်လို့ တယ်လီနောအုပ်စုရဲ့ အမှုဆောင် အရာရှိချုပ်က Sigve Brekke က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013