DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများပြားလာသဖြင့် ဆေးရုံနေရာ အခက်ကြုံ
DVB
·
July 8, 2021
နမ့်ခမ်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများပြားလာသဖြင့် ဆေးရုံနေရာ အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာ  ပိုးတွေ့လူနာများပြားလာတာကြောင့် ဆေးရုံတွေမှာ လူနာတွေအတွက် ထားဖို့နေရာ ခက်ခဲလာကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံက သိရပါတယ်။

နမ့်ခမ်းမြို့ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၃၉ ဦးထိရှိနေပြီး ဆေးရုံမှာ ဆေးဝါးကုသမှုခံယူဖို့ နေရာအခန်းတွေ မလုံလောက်တော့တာကြောင့် ဇူလိုင် ၇ ရက်နေ့က မဏ္ဍပ်ထပ်ထိုးနေရတယ်လို့  နီးစပ်သူတစ်ဦးက ပြောပါတယ်။

နမ့်ခမ်းမြို့မှာ ဇူလိုင် ၇ ရက်နေ့က ပိုးတွေ့လူနာသစ် ၄၅ ဦးထပ်တိုးပြီး သေဆုံးသူ ၁ ဦးရှိကာ စုစုပေါင်း ပိုးတွေ့လူနာ ၁၈၄ ဦးထိ ရှိလာပြီဖြစ်ပါတယ်။

ပိုးတွေ့ နှုန်းမြင့်လာတာကြောင့် ကုတင် ၂၀၀ ဆံ့ မူဆယ် ခရိုင်ဆေးရုံသစ်ကြီးမှာလည်း လူနာထားဖို့ နေရာ အခက်ခဲရှိလာလို့ ဆေးရုံဝင်းက ဝန်ထမ်းအိမ်ရာအသစ်မှာ လူနာတွေ ထားဖို့ စီစဥ်နေရတယ်လို့ မူဆယ် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

မူဆယ်မှာ ဇူလိုင်လ ၇ ရက်နေ့က ထပ်တိုး ပိုးတွေ့လူနာသစ် ၁၀၅ မိုင်က ၁၄ ဦးနဲ့ ကမ္ဘောဇဘဏ်ဝန်ထမ်း အပါအဝင် စုစုပေါင်း ၂၁ ဦး ရှိပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မှာ ဇွန်၂၂ ရက်ကနေ ဇူလိုင် ၇ ရက်နေ့ထိ စုစုပေါင်း ကိုဗစ်-၁၉  လူနာ ၂၃၀ ကျော်ရှိပြီး  သေဆုံးသူ ၂ ဦး ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013