DVB Logo
Home
မြန်မာသတင်း
Save Myanmar ဓာတ်ပုံပြပွဲ တိုကျိုတွင် ကျင်းပ
DVB
·
July 7, 2021
Save Myanmar ဓာတ်ပုံပြပွဲ တိုကျိုတွင် ကျင်းပ
1 / 7
Donate to DVB

ဂျပန်ဓာတ်ပုံအသင်း PSJ အဖွဲ့က ဦးစီးကျင်းပတဲ့ Save Myanmar ဓာတ်ပုံပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့က Hilton ဟိုတယ်ရဲ့ Hiltopia Art Square ပြခန်းမှာကျင်းပရာမှာ မြန်မာနိုင်ငံဒေသအသီးသီးမှ လူမှုဘဝနဲ့ ရှုခင်းလက်ရာပုံရိပ်တွေကို ခင်းကျင်းပြသထားပါတယ်။

The Month of Photography Tokyo 2021 ရဲ့ အစီအစဉ်တွေထဲကတစ်ခုဖြစ်တဲ့ ဒီဓာတ်ပုံပြပွဲမှာ မြန်မာနိုင်ငံမှ နာမည်ကျော်ဓာတ်ပုံဆရာတွေဖြစ်တဲ့  ဦးကျော်ကျော်ဝင်း၊ ဦးဇော်မင်း (GTS)၊ ကျော်ဇော်လေး၊ သန္ဒာစိုး@စိုးမြန်မာနဲ့ ဂျပန်ဓာတ်ပုံဆရာ Tabi jin တို့ရဲ့ နိုင်ငံတကာဆုရ ဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့အကြောင်းကို ဂျပန်ပြည်သူတွေ ပိုမိုသိရှိအောင်နဲ့ ပြပွဲက ရရှိတဲ့ အကျိုးအမြတ်တွေကို လက်ရှိ ဒုက္ခရောက်နေတဲ့နေရာတွေအတွက် ထောက်ပံ့နိုင်ဖို့ ခုလိုကျင်းပရတာလို့ ဂျပန်ဓါတ်ပုံအသင်း PSJ နဲ့ အတူ ဦးဆောင်ကျင်းပသူ ကိုဥက္ကာက ပြောပါတယ်။  

ဒီပြပွဲကို နေ့စဉ် ဂျပန်ရောက် မြန်မာတွေအပြင် လက်ရှိမြန်မာနိုင်ငံအကြောင်းကို သိရှိလိုတဲ့ ဂျပန်လူမျိုးတွေလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုအားပေးကြတာကိုလည်း တွေ့ရတယ်လို့ ဂျပန်ဓာတ်ပုံအသင်း PSJ အသင်းဝင်  ဓာတ်ပုံဆရာ Tabi Jin က ဒီဗွီဘီကို ပြောပါတယ်။ 

ပြပွဲမှာ ဓာတ်ပုံပိုစ်ကတ်တွေ၊ မြန်မာလက်မှုလက်ဆောင်ပစ္စည်းတွေကိုလည်း ရောင်းချခဲ့ကြပြီး ဒီပြပွဲရဲ့ အကျိုးအမြတ်အားလုံးကို လက်ရှိလိုအပ်နေတဲ့ မြန်မာနိုင်ငံဒေသ အသီးသီးကို လှူဒါန်းသွားဖို့ရှိပါတယ်။

ဂျပန်ကို မလာနိုင်ပေမဲ့  ကိုယ်တတ်တဲ့ဓာတ်ပုံပညာနဲ့ တထောင့်တနေရာကနေ အခုလို ပါဝင်ခွင့်ရတာကို ကြည်နူးမိတယ်လို့ နိုင်ငံတကာဓာတ်ပုံဆုများ ရရှိထားသူ ဓာတ်ပုံဆရာ မြန်မာဓာတ်ပုံအသင်းဥက္ကဋ္ဌ  ဦးကျော်ကျော်ဝင်းက  အွန်လိုင်းကနေ ဒီဗွီဘီကို ပြောပါတယ်။

အခု ဓာတ်ပုံပြပွဲကို ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနကနေ  ပံ့ပိုးကူညီပေးခဲ့တာလို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013