DVB Logo
Home
မြန်မာသတင်း
စစ်အသုံးစရိတ်အတွက် ပြည်သူ့ထံမှ မီတာခအတင်းအကျပ်ကောက်ခံသည့် Y.E.S.C ကို သတိပေး
DVB
·
July 7, 2021
စစ်အသုံးစရိတ်အတွက် ပြည်သူ့ထံမှ မီတာခအတင်းအကျပ်ကောက်ခံသည့် Y.E.S.C ကို သတိပေး
Donate to DVB

စစ်အသုံးစရိတ်ရရှိနိုင်ရေးအတွက် ပြည်သူတွေဆီကနေ အခွန်ဆက်ကြေးတွေ ပြောင်ပြောင်တင်းတင်းကောက်ခံရာမှာ ပါဝင်နေတဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) နဲ့ အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲ (ရန်ကုန်) တို့ကို ဖက်ဆစ်ဆန့် ကျင်‌ရေးလက်ရုံးတပ်ဖွဲ့ (ဖ.ဆလ.တ) က သတိပေးစာထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၆ ရက် ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိကာလဟာ နိုင်ငံတော်အာဏာကို အဓမ္မရယူပြီး ပြည်သူလူထုတရပ်လုံးကို ဖိနှိပ်သတ်ဖြတ်နေတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်အောက်ခံတပ်ဖွဲ့တွေကို ပြည်သူ့အင်အားစုတွေက ခုခံတိုက်ခိုက်နေတဲ့ ခုခံစစ်ပွဲဖြစ်ပွားနေချိန်ဖြစ်ကြောင်း၊ ဒါကြောင့်မို့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မဖြစ်ပေါ်စေဖို့အတွက် အရပ်သားဖြစ်ခြင်းကို ပျက်ယွင်းစေတဲ့ လုပ်ငန်းတွေကို အထူးရှောင်ရှားဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်ကို ပြည်သူတရပ်လုံးက တွန်းလှန်နေကြချိန်မှာ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)နဲ့ အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲ(ရန်ကုန်) တို့ဟာ ဖက်ဆစ်စစ်အုပ်စုအတွက် စစ်အသုံးစရိတ်ရရှိနိုင်ရေးအတွက် ပြည်သူတွေဆီက နေ အခွန်ဆက်ကြေးတွေ ပြောင်ပြောင်တင်းတင်းကောက်ခံရာမှာ ပါဝင်နေကြပြီး ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်နေကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ပြောက်ကျားလှုပ်ရှားမှု၊ တိုက်ခိုက်မှုတွေကို တန်ပြန်နိုင်ဖို့အတွက် သတင်းပေးပို့တာ၊ ယာဉ်တွေ စစ်ဆေးတာ၊ ပိတ်ဆို့ရှာဖွေတာ၊ စစ်ကောင်စီတပ်ဖွဲ့တွေအတွက် ယာဉ်လမ်းကြောင်းရှင်းပေးတာတွေကို တက်ကြွစွာ လုပ် ဆောင်နေကြတာကိုလည်း တွေ့ရှိရတာမို့ ဒီစစ်ပွဲမှာ မိမိတို့ကိုယ်တိုင် ဖက်ဆစ်စစ်ကောင် စီဘက်က ပါဝင်ပတ်သက်သူတွေအဖြစ် အဓိပ္ပာယ်သက်ရောက်စေတာမို့ အထူးသတိပေး လိုက်တယ်လို့ ဖော်ပြပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ရဲ့ လုပ်ငန်းတွေဟာ ဖက်ဆစ်တော်လှန်ရေးနဲ့ တော်လှန်ရေးရဲဘော်တွေကို ထိခိုက်ဆုံးရှုံးမှုတွေ များစွာဖြစ်ပေါ်လာစေပြီး ရေရှည်မှာ တော်လှန်ရေးရည်မှန်းချက်တွေကိုပါ ထိခိုက်လာနိုင်တာမို့ ဒါတွေကို ချက်ချင်းမရပ်တန့်ပါက လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ် ဆောင်သွားရမှာမို့ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အခုရက်ပိုင်းမှာပဲ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ လျှပ်စစ်မီတာခ မပေးသွင်းထားတဲ့ နေအိမ်တွေကို ဓာတ်အားဖြတ်တောက်တာတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ကားတွေနဲ့ မီတာခပေးသွင်းကြဖို့ ဖိအားပေး စေခိုင်းတာတွေ လုပ်ဆောင်နေကြတာပါ။

အန်အယ်လ်ဒီအစိုးရလက်ထက်ကတော့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပြီး လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း အိမ်သုံးလျှပ်စစ်မီတာခတွေကို ခြွင်းချက်မရှိ အခမဲ့ကင်းလွတ်ခွင့်ပြုကြောင်းနဲ့ ပြည်သူတွေ လျှပ်စစ်မီတာခ ​ပေး​ဆောင်ရန်မလိုဘဲ ​ကောက်ခံ​ရင် နိုင်ငံ​တော် ပုန်ကန်မှု​မြောက်ကြောင်းနဲ့ အမည်ပျက်စာရင်းသွင်းသွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြည်သူတွေကတော့ ဒီအခွန်အခတွေဟာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက်မဟုတ်ဘဲ လူထုကို အကြမ်းဖက်ပစ်သတ်မှုတွေ လုပ်ဆောင်နေတဲ့ စစ်အုပ်စုရဲ့ အသုံးစရိတ်ဖြစ်မှာမို့ လျှပ်စစ်မီတာခ မပေးသွင်းကြရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013