DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ယာဉ်နောက်လိုက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး ထပ်တွေ့
DVB
·
July 6, 2021
ဘိုကလေးတွင် ယာဉ်နောက်လိုက်အပါအဝင်    ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး ထပ်တွေ့
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဇူလိုင် ၆ ရက်နေ့က RDT test kit နဲ့ စစ်ဆေးရာ  ၁ နှစ် ၄ လ ကလေးငယ်တစ်ဦး၊  ရန်ကုန်-ဘိုကလေး ပြေးဆွဲနေတဲ့ လိုင်းကားက ကားစပယ်ယာ တစ်ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး ထပ်မံတွေ့ရှိတယ်လို့ သိရပါတယ်။

ဘိုကလေးမြို့ အမှတ် ၁ ရပ်ကွက် ၃ ဖြတ်လမ်းနေ အမျိုးသားတစ်ဦး၊ အမှတ် ၉ ရပ်ကွက် ၉ လမ်းနေ အမျိုးသားတစ်ဦး၊ ကုတင် ၁၀၀ ဆေးရုံဝန်းအတွင်းက အမျိုးသားတစ်ဦးနဲ့ ၁ နှစ် ၄ လအရွယ် ကလေးငယ်တစ်ဦးနဲ့ ကမကလူကျေးရွာမှ အမျိုးသားတစ်ဦးတို့ကို RDT Test Kit နဲ့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ဘိုကလေးမြို့နယ် ကျန်းမာရေးအထာက်အကူပြု ကော်မတီထုတ်ပြန်ချက်အရ သိရပါတယ်။

“Positive သမားတွေကို ဆေးရုံမှာထားတယ်။ လူများလာရင်  တံတားအထူးအဖွဲ့ ၁၆ မှာ positive သမားတွေထားဖို့ ပြင်ဆင်နေပြီ။ နောက်ရက် Positive သမားတွေကို တံတားဘေးက အဆောင်မှာ ထားမယ်။ ထိစပ်ခဲ့တဲ့သူတွေကိုတော့ အောင်စကြာ ဘုရားတန်ဆောင်း မှာထားတယ်” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကားစပယ်ယာ နဲ့ ထိစပ်ခဲ့သူတွေ၊ ကားမှာလိုက်ပါလာတဲ့ ခရီးသည်တွေကိုလည်း လိုက်လံစုစမ်းနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ရိုက်ခတ်လာချိန် ဇွန်လ ၂၈ ရက်နေ့က ဘိုကလေးမြို့နယ် ဖိုးလေးကျေးရွာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ  နှစ်ဦး စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့အထိ ကူးစက်ခံရသူ ၁၂ ဦးရှိပြီဖြစ်ကြောင်း ဘိုကလေးမြို့နယ် ကျန်းမာရေးအထောက်အကူပြုကော်မတီ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013