DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို Myanmar Witness အဖွဲ့က စုံစမ်းစစ်ဆေးနေ
DVB
·
July 6, 2021
မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို Myanmar Witness အဖွဲ့က စုံစမ်းစစ်ဆေးနေ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံမငြိမ်မသက်မှု ဖြစ်ပွားခဲ့ပြီးနောက်‌ ၅ လကျော်ကြာ လူ့အခွင့်အရေးချိုးဖောက်မှုသက်သေတွေကို စုံစမ်းစစ်ဆေးဖို့ လုပ်ငန်းအဖွဲ့သစ် တစ်ခုကို ဇူလိုင် ၅ ရက်က စတင်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇ၀တ်မှုတွေ ကျူးလွန်နေတာကို စုံစမ်းစစ်ဆေးနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားနဲ့ သတင်းအချက်အလက်မျှဝေသွားမှာဖြစ်တယ်လို့ ဗြိတိသျှအစိုးရ ရံပုံငွေထောက်ပံ့တဲ့ စီမံကိန်း Myanmar Witness က ပြောပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အနောက်နိုင်ငံတွေက ဖိအားတိုးမြှင့်ဖို့ ကြိုးပမ်းနေချိန်မှာ ဒီအစီအစဉ်သစ်ကို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

Myanmar Witness ဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်တွေကို စုဆောင်း၊ ထိန်းသိမ်းပြီး စုံစမ်းစစ်ဆေး အတည်ပြုခြင်းနဲ့ ပြန်လည်သုံးသပ်ခြင်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အဖွဲ့က ပြောပါတယ်။

ဒီစီမံကိန်းဟာ အရပ်သားတွေဆီက တင်ပြချက်တွေကို အားပေးသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံသားတွေအနေနဲ့ သတ်ဖြတ်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းနဲ့ တခြားညှဉ်းပန်းနှိပ်စက် ချိုးဖောက်ခံရတာတွေကို ပြသထားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို တင်ပေးထားတဲ့ ဆိုရှယ်မီဒီယာက အဖြစ်အပျက်တွေကိုလည်း လွတ်လပ်စွာ စိစစ်နိုင်မယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ဆန္ဒပြသူတွေကို မသတ်ဖြတ်ဘူး ဆိုရင်တောင် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ၊ အများပြည်သူပိုင်နေရာတွေနဲ့ ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်မှုတွေနဲ့ ထိခိုက်နာကျင်စေဖို့ ရည်ရွယ်ထားမှုတွေကို သက်သေပြထားပြီး အတည်ပြုထားပြီလို့လည်း Myanmar Witness က ပြောကြားပါတယ်။

အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံရှိလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ရှုတ်ချထားပါတယ်။

စစ်တပ်အာဏာပိုင်တွေကတော့ သူတို့ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအပေါ် တုံ့ပြန်ဖို့လိုအပ်မှသာ အင်အားကို အသုံးပြုတာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ 

စစ်အာဏာသိမ်းချိန်ကတည်းက လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူ ၈၈၀ ကျော်ရှိကြောင်း ကုလသမဂ္ဂရဲ့ပြောကြားချက်ကိုလည်း အရေအတွက် ချဲ့ကားပြောဆိုတာလို့ စစ်တပ်က ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013